Ep- 77 Unicode

2.2K 155 42
                                    


အကြောင်းအရင်းကို သိရပြီမို့ မိုးသောက် မိခင်ဖြစ်သူအား လေသံအေးအေးလေးဖြင့် ပြောလိုက်၏။

"ညီမလေးကို သားနဲ့ အပ်ခဲ့ပြီး မေမေက ခဏနားလိုက်နော် ... လာ၊ သား မေမေ့ကို အခန်းထဲ လိုက်ပို့ပေးမယ်"

"မေမေ ခဏ လှဲနေလိုက်နော်၊ သား ရေချိုးပြီးမှ ထမင်းစားကြရအောင်၊ ပြီးတော့ သားကို အားနာမနေပါနဲ့မေမေရယ်၊ သား Bonus ရထားတာ ရှိပါ‌သေးတယ်"

"အေးပါ သားရယ် ..."

မိုးသောက် မေမေ့ကို ထူပေးပြီး‌ အခန်းထဲသို့ လိုက်ပို့ပေးကာ ပြောစရာရှိသည်တို့ကို ပြောပြီးနောက်မှ ညီမဖြစ်သူဆီ ပြန်လာကာ ထိုင်လိုက်ပြီး ညီမကိုပါ ထိုင်ဖို့ ပြောလိုက်၏။

"ထိုင် အငယ်မ၊ ပြောပါဦး မေ့မေ့ဆီက ဘယ်နှချက်လောက် အရိုက်ခံလိုက်ရလဲ"

"အင့် ၊ (၂၀)ပါ ကိုကို၊ ညီမလေး ပေါ့ဆမိတာပါ၊ တောင်းပန်ပါတယ် အဟင့်"

မိုးစက် အစ်ကိုဖြစ်သူရှေ့တွေ ဒူးတုပ်လျက်လေးထိုင်၍ ဖြေလိုက်ပြီး ခေါင်းကိုငုံ့ကာ ငိုနေ‌မိတော့၏။ ကိုကို ထပ်ရိုက်မည်ဆိုလျှင်တောင် သူ အရိုက်ခံသင့်တာ မှန်ပေမယ့် မေမေရိုက်ထားသည်ကလည်း နာနေပြီဖြစ်သည်။

"အင်း မငိုနဲ့တော့၊ ကိုကို ညီမလေးကို ထပ်မရိုက်ပါဘူး၊ ကိုကို ပြောစရာရှိလို့"

"အင့်၊ ဟုတ်"

"စိတ်မကောင်း မဖြစ်နဲ့တော့နော်၊ ကိုကို Bonus ရထားရှိတယ် ညီမလေးရဲ့၊ အဲ့သုံးသောင်းကို ကိုကိုပြန်ပေးမယ်နော်၊ ပြီးတော့ မေမေ့ကိုလည်း စိတ်ထဲကနေ နည်းနည်းလေးတောင် အပြစ်မတင်ရဘူးနော်၊ မေမေက ကိုကို့ကို အားနာလို့ ညီမလေးကို အများကြီးရိုက်မိတာ၊ မေမေလည်း စိတ်ကောင်းမှာမဟုတ်ဘူးဆိုတာ သိတယ်မဟုတ်လား"

မိုးသောက်က စကားပြောအပြီး သူ့အိတ်ထဲက ပိုက်ဆံ သုံး‌သောင်းကိုထုတ်ကာ ညီမဖြစ်သူအား လှမ်းပေးလိုက်၏။

"ဟင့်၊ ဟုတ် ကိုကို၊ တကယ်ဆို ညီမလေးက ဒီထက်တောင် ပိုပြီး အရိုက်ခံသင့်တာပါ၊ ညီမလေး မေမေ့ကို မပြစ်မမြင်ပါဘူး"

"လိမ္မာလိုက်တာ ကိုကို့ ညီမလေးက၊ တိတ်တော့နော်၊ ကိုကို ဆေးလိမ်းပေးမယ်၊ လာ"

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now