Ep- 20 Unicode

3.4K 144 8
                                    


"နှိုင်း ရောက်လာပြီ၊ လာ အိမ်ထဲ၀င်ရအောင်"

နှိုင်းက ခန့်ဆီလာမည်ဟု ဖုန်းဆက်ထားသည်ကြောင့် ခန့် အိမ်အပြင်ဘက်သို့ ထွက်စောင့်နေခြင်းပင်။

"မင်း ဘယ်လိုနေသေးလဲ၊ သက်သာရဲ့လား"

"သက်သာပါတယ်ကွာ၊ ဦးလွင်က နားဖို့ အိမ်မှာ ဇွတ်နေခဲ့ဖို့ပြောလို့သာ ကုမ္ပဏီကို မလိုက်လာတာ"

နှိုင်း အောင်မြင်သူဆီမှ သတင်းကြားကြားချင်း ခန့်ဆီ လိုက်လာခြင်းဖြစ်၏။

နှိုင်းက စနေ၊ တနင်္ဂနွေ vocal classအား အောင်မြင်သူတို့နှင့်အတူ ဆက်တက်နေပါသော်လည်း ခန့်ကတော့ Albumအတွက် စ'ပြင်ဆင်သည့်အချိန်မှစ၍ အတန်းတွင် မတက်ရတော့ဘဲ ဦးလွင်နှင့်သာ သီးသန့် သင်ယူရတော့၏။

"မင်းလည်းနော် ဖြစ်တာ နှစ်ရက်ရှိပြီကို ငါ့ဆီ ဖုန်းလေးတောင်မဆက်ဘူး၊ ခုတော့ သူများပြောမှ သိရတယ်"

"စိတ်ပူနေရမှာစိုးလို့ပါကွာ၊ ငါလည်း ဘာမှ အရမ်းကြီး မဖြစ်ပါဘူး၊ ဟိုကောင်တွေကို သွားပြောပြမနေနဲ့ဦးနော် မင်း"

"အေးပါကွာ မပြောပါဘူး"

"သားတို့ ကော်ဖီနဲ့ မုန့်လေး စားရင်း စကားပြောကြ၊ သော်တာ တစ်ခုခု လိုရင် အန်တီမျိုးကို လှမ်းခေါ်လိုက်နော်"

"ဟုတ်ကဲ့ အန်တီမျိုး၊ ကျေးဇူးပါဗျာ့"

ဤသို့ဖြင့် သူငယ်ချင်းနှစ်ယောက် နာရီ၀က်ခန့်လောက် စကားပြောကြပြီးနောက် နှိုင်းလည်း အိမ်ပြန်သွားတော့ပြီဖြစ်သည်။ ထို့နောက်တွင်တော့ ခန့်လည်း အခန်းပြန်ကာ သီချင်းရေးနေရင်း ဦးလွင်ပြန်အလာကို စောင့်နေလိုက်တော့၏။

....................................................................

"စွမ်းပြည့်လေး ငါတို့ မင်းအိမ်မှာ စားဖို့ မုန့်၀င်၀ယ်ကြဦးစို့"

"ချီးပဲ သူရ မင်း မျက်နှာမရူးနဲ့၊ ငါ့ကို အဲ့လို မခေါ်နဲ့လို့ ဘယ်နှခါ ပြောရမလဲ"

သူရက စွမ်းပြည့်ဆီမရောက်တာ ကြာပြီမို့ လာလည်ချင်ပါသည်ဟု ဆိုလာသည်ကြောင့် စွမ်းပြည့် စက်ဘီးဖြင့် လာခေါ်ခြင်းဖြစ်သည်။ သူရ စက်ဘီးကိုလည်း ဒီနေ့ပြန်မှသာ ပြန်ယူရမည်ဖြစ်၏။ ယခု သူရအိမ်မှ စွမ်းပြည့်အိမ် သွားရာတွင်တော့ သူရက ရှေ့မှနင်း၍ စွမ်းပြည့်က နောက်မှာထိုင်လိုက်နေခြင်းဖြစ်၏။

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now