Ep- 59 Unicode

2.4K 145 41
                                    


"ဒါ ဘာလုပ်နေကြတာလဲ !!!"

"ဟင် ... ဦးလွင်"

ဦးလွင် မေးလိုက်ရင်း ညောင်ပင်ကိုပတ်ကာ ခန့်တို့ရှေ့ရောက်သွားမှ ထပ်ပြောလိုက်၏။ ခန့်တို့သည်လည်း ဦးလွင် သူတို့ရှေ့ ရောက်လာလာချင်း မတ်တတ်ထရပ်ကာ လက်ထဲမှ ရေခဲမုန့်လက်ကျန်ကိုလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေကြ၏။

"ထွန်းခန့်သော်တာတို့က စောစောစီးစီး ရေခဲမုန့်တွေ ၀ယ်စားနေကြပြီး ကလေးတွေကိုပါ ၀ယ်ကျွေးနေတာ၊ နာချင်နေတာလား၊ ဟမ်!"

"ဦးဦး အဲ့လိုမဟုတ် ..."

"တိတ်တိတ်နေ"

ခန့်ဆီမှ စကားပြန်မလာခင် ပြောလာသည့် ကလေးပိစိကို ဦးလွင် ငုံ့ကြည့်၍ ငေါက်လိုက်၏။

အီးဟီးဟီးးးးးး

"ညီလေး မငိုရဘူးလေ၊ တိတ်နော်"

ဦးလွင်က ငေါက်လိုက်၍ ကလေးအငယ်လေး အော်ငိုသည်ကြောင့် အကြီးလေးက ချော့နေစဉ် စွမ်းပြည့် လက်ကျန်ရေခဲမုန့်ကို ပါးစပ်ထဲအမြန်ထည့်လိုက်ပြီး ကလေးအား ကောက်ချီကာ ချော့လိုက်၏။

"သားသား မငိုနဲ့နော်၊ ငိုရင် ဦးဦးက ရိုက်လိမ့်မယ်"

"သားသား ကြောက်တယ်၊ အီးဟီးးးးဟီးးးး"

"မကြောက်ပါနဲ့ ဦးဦးက သားသားကို ဆူတာမဟုတ်ပါဘူး၊ ကိုကိုတို့ကို စိတ်တိုနေတာ၊ တိတ်တော့နော်၊ လိမ္မာတယ်"

"အီးးး ဟုတ်ကဲ့"

စွမ်းပြည့် ကလေးအား ချော့လိုက်ရင်း မျက်ရည်တို့ကိုပါ သုတ်ပေးကာ ဆက်ချီထားလိုက်တော့၏။

"ဟို ... ဦးလွင်၊ သားက ဒီနေ့ ရေမဆော့ရတော့ စားလို့ရတယ်ထင်လို့ပါ"

"အဲ့တာနဲ့ပဲ စောစောစီးစီး စားရသလား၊ နေ့လယ်နေ့ခင်းမှ စားတာမဟုတ်ဘူး၊ ဟင်း ... ကဲ မြန်မြန်စား၊ လက်ဆေးပြီး ကျောင်းဆောင်ထဲ လိုက်ခဲ့ကြတော့၊ ခဏနေ ဆရာတော်ဘုရား ကြွလာတော့မယ်"

ဆူလိုက်တော့လည်း ခေါင်းငုံ့သွားသည့် ကလေးငယ်ကြောင့် ဦးလွင် သက်ပြင်းတစ်ချက်ချရင်း မှာလိုက်တော့၏။

"ဟုတ်ကဲ့"

"ခန့်၊ နှစ်သစ်မှာ ကိုယ် ဆူလည်းမဆူချင်ဘူး၊ ရိုက်လည်းမရိုက်ချင်ဘူး၊ ကိုယ်ပြောတာ သဘောပေါက်လား"

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now