Ep- 73 Unicode

2K 137 72
                                    


"ဒီလိုကွာ *** *** *** ..."

ခန့် အခန်းထဲတွင် ဖြစ်ခဲ့သည့် သူတို့ အချစ်စုံတွဲအကြောင်းကို ပြောပြလိုက်ပြီးချိန်တွင်တော့ မျက်စောင်းထိုးသူကတစ်ယောက်၊ မနိုင်ဘူးဟူသည့်သဘောဖြင့် ကြည့်သူကတစ်မျိုး၊ အားကျသည့်အကြည့်ဖြင့် ကြည့်သူကတစ်ဖုံ၊ တစ်ချိန်တည်းမှာပင် သူ အကြည့်ပေါင်းစုံ လက်ခံရရှိလိုက်ပါ၏။

"မင်းတို့အတွဲက ကဲလိုက်သဲလိုက်တာ ...တကယ် ကဲကဲသဲသဲစုံတွဲပဲ၊ မနိုင်ဘူး"

"ဟား ဟား ဟား ........"

အသံစွာစွာဖြင့် စွမ်းပြည့်၏ အပြောအား ခန့်တို့ သဘောတကျ ဝိုင်းရယ်လိုက်ကြပြီးနောက် သူရ ပြောလိုက်သည်က -

"ငါလည်း ကဲချင် သဲချင်လိုက်တာ၊ စွမ်းပြည့် မင်းက ငါ့ကို ကူညီပေးနိုင်မလား၊ ဟင် ... ဟင်လို့ စွမ်းပြည့်လေး"

"သေလိုက်"

" အွတ် * အာ့ !!! "

စွမ်းပြည့်က မျက်နှာရူးနေသည့် သူရ၏ ရင်အုပ်ပေါ်သို့ တံတောင်ဖြင့် တွက်လိုက်ရာ ခန့်နှင့်နှိုင်းက မျက်လုံးပြူးလျက် ကြည့်နေမိကြပြီး သူရတစ်ယောက်ကတော့ သူ့ရင်ဘတ်သူဖိလျက် ဒရာမာချိုးနေတော့၏။

"ငါအဲ့လောက် အားမထည့်ထားဘူး သူရ၊ အပိုတွေလုပ်နေတာ တော်လိုက်တော့"

သူရလုပ်မှပဲ စွမ်းပြည့်မှာ လူဆိုးကြီးလုံးလုံးကိုဖြစ်‌နေတော့သည်။

"ဟီး မင်းကလည်း၊ ငါက မကဲမသဲဖူးလို့ မင်းနဲ့ ကဲချင်သဲချင်ရုံပါ"

"မင်း ထပ်ပြောကြည့်၊ ငါ တကယ် ထ ထိုးပြီ"

ခွီ ***

ခစ် ***

စွမ်းပြည့် သူရအား မျက်မှောင်ကျုံ၍ စိုက်ကြည့်ရင်း ပြောလိုက်သည်ကြောင့် သူရ လက်ဖြင့် ပါးစပ်ကိုအုပ်ကာ ခေါင်းတသွင်သွင်ခါပြပြီးမျက်နှာချိုသွေးနေလိုက်၏။ ခန့်နှင့် နှိုင်းလည်း ကြောင်နှင့်ကြွက်ကိုကြည့်ကာ တခွီခွီနှင့် ရယ်နေကြတော့၏။

"သော်တာ ၊ မင်း အိပ်ချင်ရင် သွားအိပ်နော်၊ ငါတို့ကို အားမနာနဲ့၊ နေ့လယ်စာစားချိန်ကျ လာနှိုးလိုက်မယ်"

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now