Ep- 116 Unicode *p*

2.5K 122 56
                                    


"သား အသုံးမကျခဲ့တာအတွက်တော့ ဒယ်ဒီ ကြိုက်တဲ့အပြစ်ပေးပါ"

"အင်း ... ကြိမ်လုံးသွားယူလာခဲ့ ..."

"ဟိုလေ ကြိမ် ... ကြိမ်လုံးတွေက မရှိတော့ဘူး ဒယ်ဒီ"

ဒယ်ဒီနိုင်ငံခြားသွားတော့ သူ လွှင့်ပစ်ခဲ့ခြင်းပင်။ မာမီက သူ့ကို ကြိမ်လုံးဖြင့်မရိုက်တော့ သူ့အိမ်တွင် ကြိမ်လုံးမလိုတော့သဖြင့် အပိုပစ္စည်များကို သူက သေသေချာချာ ရှင်းလင်းထားခဲ့ခြင်းဖြစ်ပေသည်။

"ဘာ !!! "

"ဟုတ်တယ် မှိုတက်နေလို့ သား လွှင့်ပစ်လိုက်တာ"

"ကြိမ်လုံးကို မှိုတက်တယ်လို့ ဒယ်ဒီ တစ်ခါမှ မကြားဖူးဘူး နှိုင်း၀ဏ္ဏ"

"တကယ်ပါ ဒယ်ဒီရဲ့ သား မလိမ်ပါဘူး"

"အေး ကြိမ်လုံးမရှိတော့လည်း ခါးပတ်နဲ့ရှင်းကြတာပေါ့"

"ဗျာ !! ..."

"ထ၊ သွား ဟိုတိုင်ကို ဖက်ထား ဆယ်ချက်ပဲ"

"ဟင့် ..."

နှိုင်း ထိုင်နေရာမှ ထကာ မျက်နှာငယ်လေးဖြင့် တိုင်ဆီသွားတော့ ဒယ်ဒီက သူ့ခါးပတ်သူ ဖြုတ်နေလေပြီ။

"မလုပ်ပါနဲ့နော် ဒယ်ဒီ၊ သား ခါးပတ်ကြီးနဲ့ အရိုက်မခံရဲဘူး၊ ဟိုလေ သား ကြက်မွှေးယူပေးပါ့မယ်၊ ကြက်မွှေးနဲ့ပဲ ရိုက်ပါနော်"

နှိုင်း သူ့ဒယ်ဒီ ပြေးဖက်ကာ ခါးပတ်ကို ဇွတ်ပြန်၀တ်ပေးပြီး ကြက်မွှေးကို အလျှင်အမြန် ပြေးယူတော့၏။

"ဒယ်‌ဒီ ရော့ ဒီမှာ ကြက်မွှေးပါ"

"အင်း ၊ ဒါနဲ့ဆိုရင်တော့ အချက်နှစ်ဆယ်"

ဒယ်ဒီက နှိုင်းလက်ထဲမှ ကြက်မွှေးကိုယူကာ ထောင်ပြ၍ ပြောလာသည်ကြောင့် နှိုင်းမှာ အရိုက်မခံရသေးခင် ငိုချင်ချင် ဖြစ်သွားရသည်။

"ဟင် ... "

"ခါးပတ်နဲ့ ဆယ်ချက်၊ ဒါနဲ့ အချက်နှစ်ဆယ်၊ ကြိုက်တာရွေး"

"ဒါ ဒါပဲ ရွေးတော့မယ်၊ ဟင့် ... "

နှိုင်း ကြက်မွှေးကိုသာ ညွှန်ပြ၍ ပြန်ဖြေလိုက်ပြီးနောက် အိမ်အလယ်ရှိတိုင်အား သွားဖက်ထားလိုက်တော့သည်။ ထို့နောက် ဒယ်ဒီက ကြက်မွှေးကို ကိုင်ထားလျက်ပင် အိမ်တံခါးကို လော့ခ်ချကာ သူ့ဘေး ရောက်လာတော့၏။

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now