Ep- 26 Unicode *p*

4.9K 172 43
                                    


"ဦးလွင် စိတ်ဆိုးနေသေးရင် သား ဒီနားမှာ ဒီလိုမျိုး ဒူးထောက်ပြီး အပြစ်တွေ ပြန်သုံးသပ်နေပါ့မယ်၊ သားကို စိတ်ပြေပြီး စကားပြန်ပြောမှပဲ သား ထပါတော့မယ်"

ခန့် အပြစ်ပေးခံရသည့် တနင်္လာနေ့မှစ၍ ယခု သောကြာနေ့ ရောက်လာသည်အထိ ဦးလွင်က စိတ်မပြေသေးသောကြောင့် ညစာစားပြီးချိန်တွင်တော့ ခန့် ဦးလွင် အခန်းရှေ့ တံခါးကို ခေါက်ကာ အသာဖွင့်လိုက်ရင်း အခန်းရှေ့တွင် ဒူးထောက်၍ ဦးလွင်ကို လှမ်းပြောလိုက်ခြင်းပင်။

အရင်နေ့တွေကလို ညစာအတူစားရခြင်းမျိုးလည်း မရှိ၊ ညစာစားပြီးချိန် ဧည့်ခန်း‌တွင်ထိုင်ကာ စကားပြောကြခြင်းမျိုးလည်း မရှိတော့သည့် (၅)ရက်မြောက်နေ့တွင်တော့ ခန့် ဘယ်လိုမှ မနေတတ်တော့ပါ။

"အင်း ဒါဆိုလည်း တစ်ညလုံး ‌ဒူးထောက်ပြီး အပြစ်တွေ သုံးသပ်နေလိုက်ဦး"

ဦးလွင် ကုတင်ပေါ် ထိုင်နေရာမှ ထကာ ခန့်အနားလျှောက်လာရင်း ခန့်ကို ငုံ့ကြည့်၍ ပြောလိုက်ပြီးနောက် အောက်သို့ ဆင်းသွား၏။

ခဏအကြာတွင် ခြင်ပြေးစက် ယူလာ၍ ပြန်တက်လာပြီး ခန့်နှင့် ခပ်လှမ်းလှမ်းတွင် ချထားပေးလိုက်ကာ အခန်းထဲ ပြန်၀င်သွားတော့၏။ တံခါးကိုတော့ ပြန်မပိတ်ဘဲ ဖွင့်သာဖွင့်ထားခဲ့လိုက်သည်။

ဦးလွင်အနေနှင့် ခန့်ကို မှတ်လောက်အောင် တစ်ပတ်လောက်ထိ စကားမပြောဘဲ နေဖို့ရန် စိတ်ကူးထားခြင်းဖြစ်ပါသော်လည်း သည်ပုံစံအတိုင်းဆိုလျှင်တော့ မနက်ရောက်လျှင် စကားပြန်ပြောမှသာ ဖြစ်ပေလိမ့်မည်။

"ဦးလွင် သားနောက်ဆို လောင်းကစားကို ထိတောင်မထိတော့ဘူးလေ နော်၊ ပြီးတော့ ဦးလွင်ကိုလည်း လိမ်မပြောတော့ပါဘူး၊ သားကို ခွင့်လွှတ်ပေးပါဗျာ၊ ဒီလိုမျိုးကြီး သား တကယ်မနေတတ်လို့ပါ ဟင့်"

...

ကုတင်ပေါ်တွင် စာအုပ်ဖတ်နေသော ဦးလွင်ဆီမှ တုံ့ပြန်မှုတစ်စုံတစ်ရာတောင် မရသည်မို့ ခန့် ခေါင်းကိုငုံ့၍ ၀မ်းနည်းမိပြန်၏။

ခန့် ည(၈)နာရီ ကတည်းက ဒူးထောက်နေခြင်းဖြစ်ရာ ယခု ည(၁၁)နာရီခွဲ အချိန်တွင်တော့ ခြေထောက်တွေ ထုံလာပြီဖြစ်သည်။ သို့ပေမယ့် ခန့် မလှုပ်မိ။ ဦးလွင်က အပြစ်ပေးထားခြင်းမျိုး မဟုတ်ပါဘဲ မိမိကိုယ်တိုင် ကိုယ့်အပြစ်ကိုယ် သုံးသပ်နေသည်မို့ ခန့် ပေါ့ပေါ့တန်တန်မလုပ်ဖို့သာ စိတ်ကို ဆုံးဖြတ်ထားခြင်းဖြစ်သည်။

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now