Ep- 35 Unicode *p*

4.3K 189 44
                                    


"ထွန်းခန့်သော်တာ!!"

ဦးလွင် ခန့်အနား အရောက် အံကြိတ်သံဖြင့်ခေါ်လိုက်ခြင်းဖြစ်သည်။

"ဟဲဟဲ ဦးလွင်မဟာမြတ်၊ ရောက်ပြီလားခင်ဗျာ့၊ ထိုင်ပါဦး၊ သားလက်ရာလေး မြည်းကြည့်ပါဦးဗျာ့၊ ဟီးဟီး"

အာလေးလျှာလေးဖြင့် မော့ကြည့်ကာ ရယ်ပြနေသည့် အမူးသမားလေး၏ ပါးမို့မို့လေးတွေသည်လည်း ရဲနေတော့ပြီဖြစ်၍ အူယားစဖွယ်လေးဖြစ်နေတော့၏။ သို့ပေမယ့် ဦးလွင်မဟာမြတ်အနေနှင့် ထိုအမူးသမားလေးအား ကိုင်ပေါက်ချင်နေပြီဖြစ်သည်။

"တိတ်တိတ်နေ! လာ အိမ်ပြန်မယ်"

စားပွဲအား ပတ်၍ ခန့်ရှိရာသို့ သွားလိုက်မှ အိပ်ပျော်နေသည့် သူရနှင့် နှိုင်းကို တွေ့လိုက်သည်ကြောင့် စွမ်းပြည့်ကို လှည့်မေးလိုက်၏။

"သူတို့နှစ်ယောက်ကိုရော တစ်ခါတည်း ပြန်ပို့ပေးရမလား၊ မိုးလည်းချုပ်နေပြီ၊ ဒီလိုပုံစံနဲ့ သူတို့ ပြန်နိုင်မှာ မဟုတ်ဘူး"

"ဟုတ် သူရကတော့ သူ့အိမ်ကို ဒီမှာအိပ်ဖို့ တစ်ခါတည်း ခွင့်တောင်းလာတာမို့ ဒီမှာပဲသိပ်လိုက်ဖို့ အဆင်ပြေပေမယ့် နှိုင်းက သူ့အိမ်ကို ဘယ်လိုပြောခဲ့လဲတော့ ကျွန်တော်မသိဘူးဗျာ့"

"အင်း ခဏလေး၊ အဲ့လိုဆို ကိုယ် သူ့အိမ်ကို ဖုန်းဆက်ကြည့်လိုက်မယ်"

"ဟုတ်ကဲ့"

ဦးလွင်မဟာမြတ် ဖုန်းဆက်ပြီးချိန်တွင်တော့ နှိုင်းက သူ့အိမ်ကို (၈)နာရီ အရောက် ပြန်လာမည်ဟု ပြောခဲ့သည်ကိုသိရပြီး သူ့အိမ်ကလည်း အဆင်ပြေလျှင် အိမ်ကို ပို့ပေးပါရန် အကူအညီတောင်းလာသည်ကြောင့် နှိုင်းကိုပါ တစ်ခါတည်း ခေါ်သွားဖို့ပြင်ရတော့၏။

"စွမ်းပြည့်က ကိုယ့်ကို နှိုင်း၀ဏ္ဏကိုကူတွဲပေး သူ့ကို အရင် ကားပေါ် ‌ပို့ရအောင်"

"ဟုတ်ကဲ့"

နှိုင်း၀ဏ္ဏအား ကားနောက်ခန်းထဲတွင် ထည့်၍ အိပ်စေပြီးနောက် ခန့်ကိုခေါ်ရန် ပြန်လာခဲ့လိုက်၏။

"ခန့် ပြန်ရအောင်နော်၊ လာ ထ လိမ္မာတယ်"

"ဟဲဟဲ မတွဲပါနဲ့၊ သား မမူးဘူး လမ်းလျှောက်နိုင်ပါတယ် ဟီးဟီး"

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now