"တောင်ပေါ်က ရှန်းတလေး ရှော်ထမ်းရို့ ကြေး... တိုတဲ့ရှော်က ရှို ရှိုတဲ့ရှော်က ရှိူ~~~"
"တော်တဲ့ ရှိုက တို... ရှိုတဲ့ ရှည်က ရှို"
အာလူးသီချင်းဆိုနေတာဖြစ်၏။
လက်ကလည်း ဘဲခြံထဲကို ဘဲစာ ကြဲနေလျက်။"တော်တဲ့ရှိုက တို... ရှော်တဲ့ ရှည်ကရှည်"
"ဘာတွေဆိုနေတာလဲ ပေါက်စ!"
သီချင်းသံက တိကနဲရပ်သည်။ လက်ထဲမှာစုပ်ထားသည့် ဘဲစာခြောက်တွေကို ဖြန်းခနဲ လွှတ်ချပြီး ပြေးဖို့ လုပ်နေတုန်းပင် ပွေ့ချီခံလိုက်ရသည်။
ဦးလေး လဲ့ယွီ...။
အဲ့ဦးလေးက လေယာဉ်မောင်းတာလို့ ဘွားဘွားက ပြောဖူးသည်။ အရပ်အရှည်ကြီးနှင့် တောင့်တောင့်ဖြောင့်ဖြောင့်မို့ အာလူးက ကြောက်တာမှတုန်လို့။အခုလည်း ဆွဲချီပြီးမြှောက်လိုက်တာ အာလူးရင်ထဲ တုန်ခနဲ တုန်ခနဲပါပဲ။
"တောင်ပေါ်က ရှန်း"
ဦးလေးလဲ့ယွီက ချီထားရင်းနဲ့ အာလူးရဲ့ ဆံပင်ကို ဖွသည်။ အာလူး ငိုချင်လာပါသည်။ ရုပ်တည်ကြီးနဲ့ အဲ့ဦးဦးက တကယ်ကို ကြောက်စရာကြီးပါ မမတို့ရယ်။
"လဲ့ယွီပြန်ရောက်နေတာလား... "
"ဟုတ်တယ် အားရီ... နားရက်ရလို့"
"အဲ့ကလေးကို ခေါ်သွားစမ်းပါဟယ်... လေယာဉ်မောင်းချင်တယ်ပြောနေတာ"
ဦးဦးလဲ့ယွီက သေနတ်ပစ်တဲ့ လေယာဉ်မောင်းတဲ့သူမို့ ပိုပြီးကြောက်စရာကောင်းသည်။ အာလူးကတော့ လူတွေတင်တဲ့ လေယာဉ်ကြီးမောင်းချင်ပါတယ်ဆိုတာက ဘွားက မသိဘဲ ဘာတွေပြောနေမှန်းလဲမသိ။
"လိုက်မလား ဝမ်ကျယ်"
"လိုက်ဝူး အွန့်!!"
လဲ့ယွီရဲ့ လက်မောင်းပေါ်က ခုန်ဆင်းဖို့လုပ်နေသည့် ကလေးလေးကို ဖမ်းချုပ်ထားလိုက်သည်။ အသားဖွေးဖွေးတုတ်တုတ်တွေက လဲ့ယွီကို အသည်းယားစေသည်။
"မင်းပဲ မိုးပေါ်ပျံချင်တယ်ဆို"
ဘွားဘွား ပြောတော့ ဝမ်ရိပေါ်လေး မျက်လုံးသူငယ်နားသူငယ်။