အာလူး ကြောင်ကုတ်ခံရခြင်း။
•
•
•
အာလူး ဒီနေ့ ဘဲစာကျဲနေသည်။ ဘွားဘွားက ဟင်းချက်နေသည်မို့ ဘဲစာကျွေးဖို့က အာလူးရိပေါ်ရဲ့ တာဝန်ပင်။
လက်တစ်ဆုပ်စာဘဲစာတွေကို တဗြန်းဗြန်း ကျဲပြီးပေမယ့် ဘဲပေါက်စတို့က ထွက်မလာ။ အမိုးအကာထဲမှာပဲ တွန့်ဆုတ်တွန့်ဆုတ်လုပ်လျက်။
"လာ စားကြလေ... "
အာလူးကိုအရေးမလုပ်။ ဘဲပေါက်စတို့က ခပ်တည်တည်။
"မြှောင်"
အာလူး ကြောင်ကြီးအော်သံကြားလိုက်ရသည်။လှည့်ကြည့်လေတော့ အုတ်တံတိုင်းပေါ်မှာ အနက်ရောင်ကြောင် အကြီးကြိး။ ရင်ဘတ်မှာတော့ အဖြူရောင်အမွေးတွေနဲ့ ကြောင်ဝတုတ်ကြီး ။
အာလူးကိုလည်း လူမိုက်လိုကြည့်နေသေးသည်။
"မှီ မှီ မှီ"
အာလူးလေးက ကြင်ကြင်နာနာရယ်.။ ကြောင်ဝတုတ်ကိုကိုင်ကြည့်ချင်သည်။
ကြောင်ဝတုတ်ကတော့ ခပ်ချေချေ သူ့ကိုဆက်ပြီးကြည့်နေသေးသည်။
အာလူးတေးထားပါသည်။
ကိုကိုလာလည်ရင် ကြောင်ဝတုတ်ကိုချီခေါ်ခိုင်းပြီး ကိုင်ကြည့်မည်ဟူ၍...•
•
•
"ကြောင်ကြီးက ဆိုးတယ် ရှင်ရေ... ဘဲပေါက်တွေကို လာလာချောင်းတာ"
ဘွားဘွားက ဟင်းရွက်သင်ရင်းနဲ့ ဘိုးဘိုးကိုလှမ်းပြောသည်။ ရိပေါ်လေးကတော့ ဦးဦးလဲ့ယွီဝယ်ပေးတဲ့ ပေသီးကို တချောက်ချောက်ခေါက်နေသည်။
"ကြောင်က ဘဲကိုစားတာလား"
"အေးပေါ့... ကြောင်မည်းကြီး မတွေ့ဘူးလား ကြောင်ဆိုးကြီး"
"ချစ်စရာလေးပါနော်"
မြေးဖြစ်သူကို မနိုင်။ မျက်စောင်းလှမ်းထိုးတော့ ဒူးမနာသားလေးက ပေသီးကို တချောက်ချောက်နှင့်။
"နင့်ဘဲပေါက်တွေစားသွားမှာမကြောက်ဘူးလား"
"ဘိုးဘိူးက ခြံကာထားတာပဲ ကြောင်က ဝင်ပါဝူး"