အာလူးပုစိအိကျိကျိ
•
•
•
အာလူးက မာမားရဲ့ ဖုန်းကို ရှေ့မှာ ထောင်ပြီး ကင်မရာဖွင့်လိုက်တယ်။ ပေါ်လာပါပြီ သိပ်ကို ချောမွတ်အိကျိတဲ့ ပါးလေးနှစ်လုံးနဲ့ နှာခေါင်းလုံးလေး မျက်ဝန်းလှလှလေးတွေနဲ့ အာလူး!'မမတို့ရေ မတွေ့တာလည်းကြာသွားပါပြီ'
ဆိုတော့ အာလူး ဘလော့ ရိုက်နေတာပေါ့လေ။
"ခုဆိုရင် အာလူးက စခင်ခဲပြပါမယ်"
မေမေဝယ်ထားပေးတဲ့ ကလေး လိမ်းတဲ့ lotion ဘူးလေး တစ်ဘူးနှစ်ဘူး ပြီးတော့ သုံးဘူးကို တန်းစီပြီးထောင်ထားလိုက်တယ်
'ဒါလေးကတော့ နို့ရည်ပါ"
"မွှေးမွှေးလေးနဲ့ အသားအရည်ကို အိကျိအိကျိဖြစ်စေပါတယ်"
လက်မှာ ထည့်ပြီး မျက်နှာကို အရမ်းအရမ်း မလိမ်းဘဲနဲ့ သေသေချာချာလေး ဖွဖွလေးလိမ်းပြလိုက်တယ်။ ကင်မရာထဲက အာလူးပိုချောသွားပါပြီ။
"ရိပေါ်..."
ဘွားဘွားခေါ်နေပြီ။
"ဝမ်ရိပေါ်"
ဘွားဘွားက ဝမ်ကျယ်လို့မခေါ်ဘဲ ရိပေါ်ဆိုကတည်းက ရိပေါ် မွှေထားသမျှသိသွားလို့ ဆိုတာကို ရိပေါ်စိန်က ရိပ်မိပါတယ်။
ကင်မရာရိုက်ကွင်းထဲက ပေါ်နေတဲ့ ရိပေါ်ခေါ် အာလူးတစ်လုံးက ဂုတ်ကလေးပုဝင်သွားတယ်။
"ဝမ်ရိပေါ် ခေါ်နေတယ်လေ"
"ဟုတ် လာပါပြီ လာပါပြီ"
ခုံပေါ်ကနေ ပလွတ်ကနဲ လျှောမဆင်းခင်မှာ မပိတ်ရသေးတဲ့ ကင်မရာကို ပြောသွားတယ်။
"ခဏလေးနေရင် ဧည့်သည်တစ်ယောက်နဲ့အတူ ပြန်လာခဲ့ပါမယ်"တဲ့။
ဖုန်းရဲ့ ဓာတ်ပံုမှတ်တမ်းထဲ ဝင်ကြည့်ရင်တော့ ဗီဒီရိုရိုက်တတ်နေပြီဖြစ်တဲ့ အာလူးတစ်လုံးရဲ့ တွေ့သမျှ ရိုက်ထားတဲ့ ဓာတ်ပုံအနုပညာရယ်။ ပေါက်တတ်ကရ ဘလော့တွေရယ်ကိုမြင်ရမှာပဲဖြစ်ပါတယ်။
•
•
•
ဘွားက ပေါင်ကြောကို ဆွဲလိမ်လိုက်တာမို့ အာလူးအကြောတင်းကလေးက မျက်နှာလေးရဲကနဲ မဲ့ကျသွားတယ်။