Pic crd
•••••အာလူးခြေထောက်လေးတွေက ခုံတန်းရှည်ပေါ်မှာ ထိုင်နေတာကြောင့် မြေကြီးနှင့်မထိဘဲ လေထဲမှာတင် လှုပ်လီလှုပ်လဲ့
အာလူးရဲ့ မျက်စိရှေ့တည့်တည့်မှာ အရမ်းကိုမှ ကျယ်တဲ့ ပင်လယ်ကြီးရှိတယ်။
အာလူးက လက်ထဲမှာ အသားကင်တစ်ချောင်းကိုင်ထားပြီးတော့ နှုတ်ခမ်းမှာလည်း အသားကင်က ဟင်းအနှစ်တွေပေပွနေသေးတယ်
"ဝမ်ကျယ် ဘာစားဦးမှာလဲ"
ဘွားဘွားက လှမ်းအော်နေတာကို အာလူးက မျက်လံုးတွေကိုကျုံ့ရင်းနဲ့ ကြည့်လိုက်တယ်။ အာလူးထိုင်နေတဲ့နေရာကနေ ဘွားဘွားတို့နေရာကို ကြည့်လိုက်ရင် နေစူးတယ်လေ။
"အာလူးရေ"
လှုပ်ရှားနေတဲ့ ခြေထောက်ကလေးတွေက တိကနဲရပ်သွားပြီး ခုံရှည်ရှည်ပေါ်ကနေ ဖလွတ်ကနဲ ခုန်ချလိုက်တယ်။
"ကိုကို"
"အင့် ... ကြက်ပေါင်"
အာလူးက ဒီမှာလာထိုင်တာအကြောင်းရှိတယ်။ ကမ်းရိုးတန်းဒေသရဲ့ ပင်လယ်ကြီးဆီအလည်လာပေမဲ့ ကြက်သားအသည်းစွဲတဲ့ ချစ်ကင်းဘုရင်လေးက ကြက်ပေါင်ကင်စားချင်တယ်ဆိုလို့ ဝမ်ပါပါးဆူတာခံထားရတာ။
ဆူတယ်ရယ်လို့လည်းမဟုတ်ပေမဲ့ ရိပေါ်က ဂျစ်တိုက်နေတော့ အဖေဖြစ်သူက ဟမ့်လိုက်ရုံ။ ဒါကို မနိုင်စိန်လေးက ပုစွန်ကင်တစ်ချောင်းကိုင်ပြီးတော့ သဲသောင်နားက ခုံမှာ လာထိုင်နေတာပဲ။
သူ့အရပ်သေးသေးလေးနဲ့ဆိုတော့ ခံုတန်းက ပိုလို့တောင်မြင့်နေသယောင်။
"ကိုကိုစားလေ"
"ကိုကိုက ကဏန်းစားမှာ"
ရှောင်းကျန့်က ပြောတော့ သွားတွေကိုစေ့ကာ အသည်းယားကြောင်းလုပ်ပြရင်း ကြက်ပေါင်ကို အားရပါးရကိုက်လိုက်တာပင်။