အချိန်တွေက အကုန်မြန်လွန်းတော့ အာလူးက ၂၅ နှစ်ကျော် လူတစ်ယောက်ဖြစ်နေပြီ။ အရင်က ကိုကို့ကို မော့ကြည့်ရတဲ့ အာလူးက အခုတော့ ကိုကို့ဘေးမှာ ရပ်ရုံနဲ့တင် ကိုကို့ကိုမြင်နေရပြီ။
မနက်ဖြန်ညဆို ကိုကိုနဲ့ တွေ့ရမှာမို့ အာလူးက ခြေဖျားလက်ဖျားတွေ အေးတဲ့အထိကို ရင်တုန်နေတာ။ မတွေ့တာကြာတဲ့ လေးလမှာ ကိုကိုက ဘယ်လိုကြိုဆိုမလဲ မသိတော့ပါဘူး။
"ဝမ်ကျယ်... နေ့လည်စာစားတော့မှာလား"
ဘွားက အရင်ထက် တုန်ယင်နေတဲ့ အသံနဲ့ သူ့ကိုထပ်မေးလာတယ်။
"ကျွန်တော် ခုနကပဲ ဘွားဘွားနဲ့ အတူစားပြီးပြီလေ"
တဖြည်းဖြည်းချိနဲ့လာတဲ့ အားအင်တွေကြားမှာ ဘွားဘွားခန္ဓာကိုယ်လေးဟာ ခပ်သေးသေးလေး။ သူ့လက်သေးသေးလေးတွေရှိနေစဉ်က ဆုပ်ကိုင်ခဲ့တဲ့ ဘွားဘွားရဲ့ လက်ကလေးက အခုတော့ ရိပေါ်ရဲ့ လက်ထဲမှာ မြုပ်လုနီးနီးပျောက်ကွယ်လုနီးနီး ခပ်သေးသေးကလေးဖြစ်နေရဲ့။
"ပျော်ရွှင်စရာ နှစ်ကူးပါ ... ဝမ်ကျယ်"
ဘွားက သူ့ကို ပွေ့ဖက်လိုက်ရင်း သူ့လက်မောင်းတွေကို ဆုပ်ညှစ်လာတယ်။ ဘွားကို သူနဲ့ အကြာကြီး ရှိနေစေချင်ပါသေးတယ်။
ဘွားဘွားနဲ့ စကားစမြည်ပြောပြီးတဲ့ အာလူးက ကိုကို့ဆီကို လှိမ့်ဖို့ စတင်ပြင်ဆင်တော့တယ်။ ကိုကိုက မြို့ထဲက အထပ်မြင့်ဘားတစ်ခုကို သူ့ကိုခေါ်ထားတာဖြစ်တယ်။ အရွယ်ရောက်လာတဲ့ ယောက်ျားလေးနှစ်ယောက်က နှစ်သစ်ကူးမှာ သောက်မယ်စားမယ်ဆိုတာ အဆန်းတကြယ်တော့ ဘယ်ဟုတ်မလဲနော်။
"ချစ်တဲ့ စိတ်က ဖမ်းစားတော့ ကိုကိုခေါ်ရာ လာမှာပေါ့... အာရှတိုက်ကြီးတောင် စိတ်ထဲက ကျဉ်းသယောင်။
သွေးကြောထဲက စွမ်းအင်တွေက ကိုကိုဖန်ဆင်းပေးထားသလို ပြည့်ဝနေတာမို့ ရိပေါ်က အရမ်းအရမ်း အရမ်းကိုမှ ပျော်ရွှင်ရွထ... အဲ ပျော်ရွှင်ကြည်နူး နေပါတယ်လေ။
"မေ့တော့မလို့"
ကတ္တီပါနီညိုရောင်ဘူးလေးထဲက လက်ကနဲဖြစ်သွားတဲ့ ငွေဖြူရောင်လက်စွပ်ကို သူစွပ်ရဦးမယ်.