အာလူးနှင့်သူ၏ကိုကို (၉)

1.4K 197 12
                                    

အာလူးမှာ ဘာအပြစ်ရှိလို့လဲ?

အာလူးတစ်ယောက် ခြံထဲဆင်းပြီး လက်တုတ်တုတ်ကလေးနှစ်ဖက်ကို မိုးပေါ်ထောင်ကာ ဒဏ်ပေးခံထားရသည်။

တိမ်လှလှလေးတွေနဲ့ ကောင်းကင်ပြာကြီး၊ ပြီးတော့ လေလေးက တဖြူးဖြူးတိုက်နေတဲ့ ရာသီဥတုကလေးက သာယာနေပေမဲ့ ဝမ်အာလူးလုံးအတွက်တော့ မိုးကြိုးမုန်တိုင်းတွေ မစဲနိုင်သေး။

ခြံထဲကို ဘွားက ပန်းပင်ရေလောင်းဖို့ ဆင်းလာသည်။ သနားကမားမျက်လုံးလေးတွေနဲ့ လိုက်ကြည့်သော်လည်း ဘွားဘွားက မသိချင်ယောင်ဆောင်နေသည်။

"အင့်... "

ညောင်းနေညာနေ အနေခက်နေတဲ့အကြောင်းကို အသံ တအီအီထွက်ပြီးပြနေသည့် ချီးထုပ်ကလေးရဲ့ ဦးနှောက်သေးသေးလေးက ဉာဏ်နီဉာဏ်နက်တွေအကြောင်းနှောကြေနေပြီဖြစ်သည့် အဘွားက မသိချင်ယောင်ဆောင်ထားဆဲ။

"အဟင့် ညောင်းတယ်"

ခြေထောက်ကို ခါဆောင့်ကာ တအီအီမြည်ကြွေးနေသည့် အာလူးက သနားချင်စရာလေးပင်။

"ဘွားဘွား"

"ပြော"

"သားလေ အရမ်းညောင်းနေပြီ"

"နင့်အဘိုးကိုပြောလေ"

ရိပေါ်မပြောရဲ။ ဘိုးဘိုးက ဒဏ်ပေးထားသူပင်။ ဒဏ်ပေးတဲ့သူက ဘွားဘွားဖြစ်ကြည့်ပါလား အာလူးက မြေကြီးပေါ်လူးလိမ့်ငိုယိုပြပြီး ဇာတ်လမ်းတိုလေးရိုက်လိုက်ရင် အခုချိန်လောက်ဆို အိပ်ရာပေါ်မှာ နှပ်ပြီး ကာတွန်းကြည့်နေရလောက်ပြီ။

"လက်မြှောက်ထားလေ ဘာလုပ်နေလဲ"

ဘိုးဘိုးက လက်နောက်ပစ်ပြီးထွက်လာသည်။ အာလူးကျောလေးမတ်ကနဲဖြစ်သွားသည်မို့ ဘွားအေဖြစ်သူက ခပ်ကြိတ်ကြိတ်ခိုးရယ်ရသည်။

အာလူးခြေရော လက်ရောညောင်းလာပါပြီ။

"နှိပ်ရှက်ကြဒယ်"

"ဟင့်"

"ပါပါးနဲ့လည်းတိုင်ကြောမယ်"

"မာမားနဲ့လည်းတိုင်ကြောမယ်"

အာလူးနှင့် သူ၏ ကိုကို Where stories live. Discover now