အာလူး စိတ်မကောင်းဘူး။
ဘာလို့လဲဆိုတော့ အာလူးရဲ့ ချစ်လှစွာသော တစ်ဦးတည်းသော ကိုကိုက ဖျားနေတယ်တဲ့လေ။ အာလူးစိတ်မကောင်းလို့ ထမင်းတောင်မစားနိုင်ဘူး။
ဒါပေမဲ့ ဘွားဘွားက ကြက်သားတွေ ကြော်ကြော်ပေးတော့ အာလူး အားနာနာနဲ့ စားရပြန်တာပါပဲ။
"ဘွားဘွား... "
"ပြော"
ကြက်သားနွှင်နေရင်း ဘွားဘွားက ပြန်ထူးသည်။ ဝမ်ရိပေါ်က ဦးနှောက်သေးသေးကလေးကနေ ဉာဏ်နီဉာဏ်နက်စုံစုံလင်လင်ထုတ်ထားရတာမို့ ဘွားကို ပြုံးဖြီးပြဖို့လည်းမမေ့။
"ကိုကိုရှောက်ကျန်း ဖျားနေတယ်ချို"
"အေးကွယ်"
"နိုနေမှာပေါ့နော်"
ဘွားဘွားက ထမင်းတလုတ်ခွံ့သည်။
"ငိုပါဘူး... လူတိုင်းက မင်းမှမဟုတ်တာ"
ဘွားဘွားစကားက ရင်ထဲ ထိလိုက်တာ။ ဝမ်ကျယ်ကလေးမှာ ဆွံ့ဆွံ့အအတောင်ဖြစ်သွားရသည်။
"ကိုကို့ဆီ သွားရအောင်လေ"
"ထမင်းကုန်အောင်စားရင် ပို့ပေးမယ်"
"တကယ်လား"
"ဒါပေါ့ ဒါပေါ့"
ရိပေါ်လေးက လိမ်လိမ်မာမာ ထမင်းတွေစားပစ်လိုက်တယ်။ ထမင်းစားမဝင်ပေမဲ့ ဘွားဘွားက ကိုကို့ဆီပို့ပေးမယ်ဆိုတော့ စားရတာပေါ့လေ။
•
•
•
"ရာသီအကူးအပြောင်းဖြစ်တာရော ကျန့်ကျန့်လေး ရေချိုးမှားသွားတာရော ကြောင့် ဖျားတာပါ... ကျန်တာ စိုးရိမ်စရာမရှိပါဘူး"
Stethoscope ကို ခေါက်ကာ သယ်လာသည့် အိတ်ထဲကိုပြန်ထည့်ရင်းနှင့် ရွှေရောင်မျက်မှန်ကိုင်းကို ပင့်ကာ ဆရာဝန်ဦးဦးပြောသည့်စကားကို ရှောင်းကျန့်က မျက်လုံးလေး မှေးရင်းလိုက်နားထောင်သည်။
တနေ့က အာလူးလေး မြေပဲနင်သွားသည့် ကိစ္စနှင့် ပက်သက်ပြီး ကျန့်ကျန့်က ပါပါးဆူတာခံရသည်။ ပါပါးက စိတ်ကြီးသူမို့ ကျန့်ကျန့်ကို ဆူတော့ မျက်ရည် ပေါက်ပေါက်တောင်ကျရသည်။