မယ်ရီခရစ်စမတ်စ်...!
•
•
•
"ဝီ ဝှစ်ရှ်ရှူအယ် မယ်ရီးခွစ်ချမတ် ဝီဝှစ်ရှ်ရှူအယ် မယ်ရီးခွစ်ချမတ် ~ ဝီဝှစ်ရှ်ရှူအယ် မဲရီးခွစ်ချမတ် အန် အဲ ဟက်ပီ နျူးယဲ"
Santa Claus ဆောင်းသည့် ဦးထုပ်လိုမျိုး နီနီရဲရဲဦးထုပ်လေးကိုဆောင်းကာ အာပြဲအာပြဲနှင့် သီချင်းတွေအော်ဆိုနေသည်မှာ အာလူးတစ်လုံးပင်။ ဘိုးအေဆီက အပိုင်သိမ်းထားသည့် ပလပ်စတစ်အိတ်ကြီးတစ်လုံးကို ပုခုံးပေါ်ထမ်းလို့ သူ့ကိုယ်သူ 'ချန်တာကလော့' ဟူ၍လည်း တတွတ်တွတ်ပြောသည်။
"ကိုကို့ကို လက်ရှောင် ပေးရမယ်ကော"
"ဘာပေးမှာလဲ ဝမ်ကျယ်က"
"ကိုကိုက ပုံချွဲရတာ ကြိုက်တယ်လေ... အဲ့တော့ ပန်းချီခဲတံဝယ်ပေးမှာ"
ငယ်ငယ်လေးနှင့် ဘယ်လိုလူကိုဘာပေးရင်ကောင်းမည်ဆိုတာကို တွေးတတ်တာမို့ ဘိုးအေဖြစ်သူက တိတ်တိတ်ကလေးချီးကျူးရင် သဘောကျရသေးတယ်။ တိတ်တိတ်ကလေး ချီးကျူးတာမျိုးမဟုတ်ရင်တော့ ကိုယ်တော်လေးက မိုးပေါ်ထိ ပျံတက်သွားလိမ့်မည်ဟုထင်ရသည်။
ခရစ်စမတ်ဆောင်းကအေးသည်။ အပြင်ဘက်မှာ မြူတွေထူသိပ်နေသည်။ ဝမ်ရိပေါ်ကလေးကတော့ အထုပ်တစ်ထုပ်ပုခုံးပေါ်တင်ကာ လုံးလုံး လုံးလုံးနှင့် သီချင်းတကြော်ကြော်အော်ဆိုနေသည်။
•
•
•
မင်းသားလေးနှင့် မြေခွေးလေးက ဖန်လုံးထဲမှာ ထည့်ထားခံရသည်။ ထိုဖန်လူံးလေးက ခလုတ်ဖွင့်လိုက်လျှင် ဝါကျင့်ကျင့်မီးကလေးလင်းသည်။ တီးလုံးသံလေးလည်း ထွက်သည်။ ဖန်လူံးလေးကို လှုပ်လိုက်လျှင် နှင်းစက်လေးတွေက ဖန်လုံးထဲမှာ ဝဲပျံကြသည်။
သည်ချစ်စရာလက်ဆောင်လေးကို ရှောင်းကျန့်က ဘူးထဲထည့်သည်။ ပြီးနောက်တော့ အစိမ်းရောင်အောက်ခံမှာ ခရစ်စမတ်သစ်ပင်လေးတွေ ခရစ်စမတ်ဘိုးဘိုးကြီးပုံတွေပါသည့် အလှစက္ကူကလေးနှင့် သေသေချာချာထုပ်သည်။ အသပ်ရပ်ဆုံး ထုပ်ပိုးပြင်ဆင်သော်လည်း ကောင်ငယ်လေး၏လက်ရာက အနည်းငယ်တော့ ဖရိုဖရဲ။ သူကိုယ်တိုင်ရဲ့ မျက်လုံးထဲတွင်တော့ လှလှကလေးဖြစ်လို့နေသည်။