အာလူးနှင့် လေထိုးရေကူးကန်
•
•
•
ဦးဦးလဲ့ယွီရဲ့ သူငယ်ချင်းဆိုသည့် ဦးဦးရွှင်ချန်းက အာလူးအတွက် လက်ဆောင်ပေးလိုက်သည်ဆိုပြီး စက္ကူကတ်ထူပုံးကြီးတစ်ပုံး အိမ်ရောက်လာသည်။
ပုံးကိုရင်ခုန်စွာ ဖွင့်ကြည့်လိုက်တော့ မုန့်မျိုးစုံနှင့် လေမထိုးရသေးသော ရာဘာရေကန်ကို တွေ့လိုက်ရသည်။ ပြီးတော့ အာလူးရဲ့ ကိုကိုရှောင်းကျန့်အတွက်လည်း ပန်းချီဆွဲတဲ့ ဆေးတစ်ချို့ပါသေးသည်။
ဦးဦးလဲ့ယွီရဲ့ သူငယ်ချင်းက ချစ်စရာသိပ်ကို ကောင်းပါသည်။
"ဘွားဘွား ဒါကြီးကိုလေမှုတ်ပေးပါလား"
ဒါနဲ့ ဝမ်ကျယ်က ကိုကို့အိမ်ကနေ ပြန်ရောက်နေပြီ။ ဒါကိုပြောဖို့မေ့နေတာလေ။
ဘွားဘွားက သူမရှိတုန်း ပျိုးထားတဲ့စတော်ဘယ်ရီပင်လေးတွေကို ပြတာမို့ အိမ်ပြန်ရောက်ရောက်ချင်း ဝမ်ကျယ်က အပျော်ကြီးပျော်ရသေးသည်။
ဒါမဲ့ စတော်ဘယ်ရီမသီးသေးတာကြောင့် နညါးနည်းလေးတော့ စိတ်မကောင်းပါလေ။
"ဒါကြီးကိုလေမှုတ်ရင် မောသေသွားမှာပေါ့"
ဘွားအေက ဒီလိုပြောတော့ ဝမ်ကျယ့်နှုတ်ခမ်းက မဲ့ကနဲ။
"နင့် အဘိုး လေထိုးပေးလိမ့်မယ်"
အိမ်ထဲမှာ သတင်းစာဖတ်နေသည့် ဘိုးဘိုးရဲ့ မျက်ခုံးတွေက တွန့်ကနဲ။ ဘယ့်နှယ့် မြေးအဖွားနှသ်ယောက်ရဲ့ အရှုပ်တွေကို ဒီဘိုးအေကပဲ လိုက်ရှင်းနေရတာ။
"ဘိုးဘိုးရေ ... ဒါလေး လုပ်ပါဦး"
သတင်းစာကိုဘေးချကာ အသိလေထိုးဆိုင်ကလူကို လှမ်းခေါ်ရသည်။
"ဝမ်ကျယ်တစ်ကောင် အလုပ်ကိုရှုပ်နေတာပဲ"
"ဒီမြေးလေးပဲ ရှိတာပါဆို"
လက်ကိုနောက်ပစ်ကာ နှုတ်ခမ်းလေးစုချွန်စုချွန်ရင်းပြောသေးသည်။
"အမလေးဟဲ့"
အဘွားက ဒီလိုပြောပြီး အော်ရယ်ပြန်သည် ။