အာလူးကို လွမ်းတဲ့ နေ့တွေမှာ ကိုကို ခိုးခိုးငိုတယ်။
လူတွေဆိုတာ တွေ့ဆုံကြုံကွဲလို့ ဘိုးဘိုးရော ဖေဖေ ကပါ ဆုံးမလေ့ရှိတာကြောင့် ရှောင်းကျန့်က တော်ရုံသံယောဇဉ်မတွယ်တတ်တဲ့ ကလေးလေးဖြစ်ပါတယ်။ ရှောင်းကျန့်က အနေအေးတယ်။ ပြီးတော့ နားနေချိန်မှာတောင် ပြေးလွှားဆော့နေရမယ့်အစား စာရွက်တစ်ရွက်ရယ် ရောင်စုံ တွေရယ်နဲ့ အလုပ်ရှုပ်နေတဲ့ ကလေးငယ်လေးဘဝထဲကို အာလူးလို့ ခေါ်ခေါ်ပြီးချစ်ရတဲ့ သက်တံလေးတစ်စင်းဖြတ်ပြေးလာခဲ့တယ်။ ရိပေါ်လေးကို လွမ်းပါတယ်။
ရှောင်းကျန့် မြို့ကိုပြန်တဲ့အခါ အာလူးက အာပြဲနေအောင်အော်ငိုတတ်ပေမဲ့ မြို့ကိုပြောင်းသွားတဲ့ အာလူးကို တတိတိနဲ့ တမ်းတလွမ်းဆွတ်ရတဲ့ အခါမှာတော့ ရှောင်းကျန့်က ဘိုးဘိုးကားထားတဲ့ ဂိုထောင်ကျယ်ကြီးထဲမှာ တိတ်တိတ်ကလေး သွားသွားငိုတတ်လာတယ်။
သိပ်လှတယ်လို့ အာလူးလေးတစ်လုံးဆီက ချီးကျူးသံတွေညံနေတတ်တဲ့ရှောင်းကျန့် ရဲ့ မျက်ဝန်းတွေ မို့အစ်တဲ့အခါမှာအများကြီး မအိပ်ဖို့ အဘိုးရဲ့ သတိပေးသံကို ကြားရတတ်တယ်။
ရှောင်းကျန့်က ပုံတွေဆွဲတယ်? မြက်ခင်းစိမ်းစိမ်းပေါ်မှာ ကလေးငယ်နှစ်ဦးပြေးလွှားနေတယ်။ ပြီးတော့ အဝါရောင်စွန်လေးက ကောင်းကင်ပေါ်ဝဲနေတယ်။ ပန်းကလေးတွေပွင့်နေတယ်။ ကောင်းကင်ပြာပြာကြီးက သိပ်လှနေတယ်။
ပြီးတော့ ရှောင်းကျန့်က ထပ်ပြီး မျက်ရည်ဝဲတယ်။
"အာလူးကို ကိုကိုလွမ်းတယ်"
-
-
-
"သားငယ်လေး မြန်မြန်လုပ်လေကွာ ကျောင်းနောက်ကျရင် ဆရာမကြီးက ဆူလိမ့်မယ်"
ကလေးလေးက ငြိမ်နေတယ်။ ပြီးတော့ သူ့ရှေ့မှာရောက်နေတဲ့ သူအကြိုက်ဆုံး ပေါင်မုန့်ကြက်ဥကြော်ကို ငေးကြည့်နေတယ်။ ကိုကိုလည်း ကြိုက်တယ်။
"မာမားရယ်... ကိုကို လွမ်းနေလိမ့်မယ်"
တွေတွေကလေး ပြောတဲ့ သားဖြစ်သူမျက်နှာငယ်လေးနဲ့အတူ အရောင်မှိန်နေတဲ့ မျက်ဝန်းတွေကို တွေ့လိုက်ရတယ်. ဘယ်လို သံယောဇဉ်တွေကများ ကလေး နှစ်ဦးကို ရစ်တွယ်ထားနိုင်တာလဲ။