အာလူးနှင့် စတော်ဘယ်ရီရေခဲချောင်း
•
•
•
နွေရောက်လာပြီမို့ ရာသီဥတုကတော့ ပူစပ်ပူလောင်ရယ်လေ။
ကိုကိုနဲ့ ရိပေါ်ကတော့ စွပ်ကျယ်ချိုင်းပြတ်ကိုယ်စီနဲ့ ဘောင်းဘီတိုလေးတွေနဲ့။
အာလူးကတော့ ရှည်ကျနေတဲ့ ဆံပင်ထူထူလေးတွေကို အပေါ်မှာ အုန်းပင်လို စုစည်းထားလိုက်တယ်။ ဆံပင်လေးတွေတထောင်ထောင်နဲ့ ပြေးလိူက်ရင် လှုပ်စိစိ။
အာလူးနဲ့ ကိုကိုက တီဗီမှာလာနေတဲ့ ဟင်းချက်အစီအစဉ်ကိုကြည့်နေတယ်။ ဟင်းချက်အစီအစဉ်မှာ ဒီနေ့ လုပ်ပြတာက ရေခဲချောင်းတဲ့
"ပေါ့ပေါ့ပါးပါး လုပ်စားလို့ရတဲ့ ရေခဲချောင်းလေးတွေပဲဖြစ်ပါတယ်"
တီဗီထဲက ရုပ်ချောချောနဲ့ ဟင်းချက်ပြလေ့ရှိတဲ့ မမက စတော်ဘယ်ရီသီးတွေ ကီဝီသီးတွေကို လှီးပြီး ကြိတ်စက်ထဲပစ် ပစ် ထည့်နေတာကို ရိပေါ်က ဝင်းလက်နေတဲ့ မျက်ဝန်းတွေနဲ့ ငေးတယ်။
သူ့ဘေးမှာထိုင်နေတဲ့ ကိုကိုကတော့ မေ့သွားမှာစိုးလို့တဲ့။ စာအူပ်တစ်အုပ်နဲ့ ပုံလေးတွေလိုက်ဆွဲပြီးမှတ်နေတယ်။
အာလူးရဲ့ ကိုကိုက ပုံဆွဲအရမ်းတော်တယ်။ပြီးတော့ ချောတယ်။ချစ်စရာ မွတ်နွတ်ကွတ်ကျွတ်လေးဖြစ်တယ်။
ဒါနဲ့ အာလူးပြောပြဖို့မေ့နေတာ။
ဟိုနေ့က စတော်ဘယ်ရီတောင်းလိုက်ကြီးလာပို့တဲ့နေ့ပေါ့။အာလူးက ကိုကို့ကို အများကြီးလွမ်းနေတာဆိုပြီး မျက်ရည်တွေဝဲတက်ပြီး ကိုကိုရှောင်းကျန့်ကို အများကြီး အကြမ်းကြီး ဖက်ထားလိုက်တော့ ကိုကို့ရဲ့ မာမားက သနားသွားပုံပါပဲ
"အာလူးလေး အိမ်လည်လိုက်မလား"တဲ့
အာလူးကလည်း ခပ်သွက်သွက်ခေါင်းညိတ်တော့ အဝတ်အစားလေးတစ်ထုပ်နဲ့အတူ အာလူး ကိုကို့အိမ်ပေါ်ရောက်သွားတာပဲ။
ညဆို အတူတူအိပ်နေကျ ဘွားဘွားကို လွမ်းပေမယ့် ကိုကိူလည်းရှိတာကြောင့် အာလူးက ငိုတော့မငိုပါဘူး။