"ချိရဒဲ့ ဒူရေ... ညက်ရုံးယေးညားဝင့်ကာ ထော်နေတာကို ယဲ့ကြည့်ပါအူး...
နျုံးတားနဲ့ ယှဉ်ဒါ ထွဲ့နဲ့လို့ ပြောချင်... ဟန်ချောင်ကာယေ မုန်းယဲ့နဲ့အူး..."
အာလူးသီချင်းဆိုနေသည်... နားသောတ ဆင်ကြကုန်။
"တိုဟာယေ ရိုးတားလွန်းအားကြိတော့...
ကြင်နာတူ ပြောတမျှ အားနုံး ဟုတ်ထင်"
ဘာသီချင်းမှန်းမသိပေမယ့် ဘိုးဘိုးဖွင့် ဖွင့်နေကျသီချင်းမို့ အာလူးနားရည်ဝနေပြီ။
"ချိရဒဲ့ ဒူယေ... ညက်ရုံးယေးညားဝင့်ကာ"
ဖင်လုံးလုံးလေး ရမ်းကာလှုပ်ကာဖြင့် နှူတ်ခမ်းထော်ကာ သီချင်းကိုအားရပါးရဆိုသည်။
ဘဲစာပုံးကိုပိုက်လို့ လက်ကလည်း ဘဲတွေဆီကို အစာတွေကျဲချသည်။ ဘွားက ဘဲတွေကို အဲ့လိုပစ်မကျွေးဖို့ ၊ ဝမ်ကျယ့်ကို အဲ့လိုပစ်ကျွေးရင်ရော ကြိုက်လားဆိုပြီးလည်း ခဏခဏ ပြောပါသည်။
ဒါပေမဲ့ ဝမ်ကျယ်လေးကတော့ အဲ့လို ပစ်,ပစ် ကျွေးရတာကိုက ဝါသနာ။
ဘဲစာတွေ ဝှီးခနဲ ပစ်လိုက်ရင်းနှင့် ဝမ်ကျယ်လေးက လွမ်းလာသည်။ ဘယ်သူကိုလဲဆိုတော့ ကိုကို့ကိုလေ။
ကိုကိုနဲ့မတွေ့ရတာတော့ နှစ်နာရီလောက်ရှိတော့မယ် ထင်။ ကိုကိုက ကျူရှင်ရှိတယ်ဆိုပြီးပြန်သွားကတည်းက ဝမ်ရိပေါ်ကလေး အထီးတွေကျန်ပါတော့သည်။
"ဝမ်ကျယ် ဘဲစာတွေကို ဗြဲလရမ်း လုပ်မနေနဲ့လေ"
ဘဲခြံအပြင်ထိပါ တဝှီးဝှီးကြဲခံနေရသည့် ဘဲစာတွေက လွင့်ကနဲ လွင့်ကနဲ။
"ဘွားဘွားရိုက်မှာနော်"
ဝမ်ကျယ် လျှာထုတ်ပြလိုက်သည်။ ဘွားဘွားကတော့ မမြင်။
ဘယ်မြင်မတုန်း။
ဝမ်ကျယ်က ဘွားကိုကျောခိုင်းထားတာလေ။"ထမင်းစားမယ် လာခဲ့"
"ကြက်သားကြော်လား"
"ပန်းမုန်လာ"
"ဟင့်"
ဝမ်ကျယ်က ကြက်သားပဲစားချင်တာကို။ ဘွားကလည်း ဘာမှန်းလဲကိုမသိဘူး။