အာလူး စာဆိုနေသည်။
"အေ ဘီ ရှီ ဒီ အီး အက်ဖု အေ... အိတ်ရှ် အို ပီ ကျူ... ဒဗျူ အိတ်စ် ဝိုင် ဇိ"
ပတွတ်ပတွတ် ရေရွတ်နေပေမယ့် အေ ဘီ စီတို့ဟာ ရှေ့သွားနောက်လိုက်မညီ။ အာလူး နည်းနည်းလေးတော့ တင်းလာပါသည်။
"ဝမ်ကျယ်... "
"ရှိပါတယ်..."
ဒီကလေးက အကျင့်တစ်ခုတတ်နေသည်။ ဘာတွေ ဘယ်က တတ်လာသည်မသိ။ ဘွားအေက တစ်ခုခုဆို ရှိပါတယ် ၊ရှိ ဆိုပြီး ပြန်ဖြေတတ်နေသေး၏။
"ရှိပါတယ်ဆို လာ... ရေချိုးမယ် ကိုကိုတို့အိမ်သွားကြမယ်လေ"
"တဂယ်ရား"
"တကယ်ပေါ့... လာလာ ရေချိုးမယ်"
ဆောင်းဝင်ပြီမို့ ရိပေါ်က ရေချိုးရမှာ နည်းနည်းကြောက်ပါသည်။ ဘွားက ရေချိုးကြမ်းတာ မမတို့မှ မသိဘဲ။
အားကြီးနဲ့ ခေါင်းကနေ လောင်းတာ။ ရိပေါ်ခင်မျာ မွန်းရောပဲ။ ပြိးရင် ခေါင်းမလျှော်ချင်လို့ ပတ်ပြေးတဲ့ ညစ်ပတ်အိုးဆိုပြီးလည်း ဘူလီသေးတာ။ တကယ်ပါ လူကြီးတွေနဲ့ နေထိုင်ရတာ အာလူးလေး တစ်ခါတရံတော့ စိတ်ညစ်ပါသည်.
"မြန်မြန်လာ ဘောင်ဘောင်းချွတ်"
"ကိုယ့်ဝါသာကိုယ် ချိုးမယ်ယေ"
"အယ် ကြာတယ်... ဘွား ချိုးပေးမယ်... ဒီနေ့ ခေါင်းလည်းလျှော်ရမယ်လေ"
ဝမ်ရိပေါ်ကလေး ရင်ထဲ ဗလောင်ဆူဆူ ဗလူဆောင်ဆောင်ဖြစ်သွားသည်။
"ခေါင်းလျှော်ချင်ဘူးလေ"
"လျှော်ရမယ်လေ သူများအိမ်လည်တာ နံနံကြီးဖြစ်နေရင် ဘယ်လိုလုပ်မလဲ"
"နံနံပင်ကြီးလည်း ဖြစ်ချင်ဘူးယေ"
"အဲ့ဒါဆို လျှော်လိုက်နော် လိမ္မာတယ် ဘွားမြေးလေးက"
ရိပေါ်တစ်ယောက် အင်္ကျီကျွတ်နှင့် ရေချိုးခန်းထဲ မဝင်ရသေး။ ရေချိုးခန်းအဝမှာ ဘွားအေကို စျေးဆစ်နေသည်။
"ခေါင်းပေါ်က ရေကိုဖြေးဖြေးယေး ရောင်းနော်"
"ဖြေးဖြေးပဲ လောင်းမှာ"