အာလူး ကိုကိုနဲ့ မခွဲချင်ပါဘူး
•
•
•
အာလူး ကိုကိုနဲ့ ပျော်ပျော််ကြီးဆော့နေတုန်း အာလူးမြို့ကို ပြောင်းနေရတော့မယ်ဆိုတဲ့ အကြောင်းကို ဘွားကပြောတယ် ။
အာလူးက မြို့ကိုပြောင်းရမှာဆိုတော့ သိပ်ပျော်နေခဲ့တာ။ သူ့စိတ်ထဲ ကိုကိုပါ သူနဲ့ တူတူရှိနေမှာလို့ထင်တာလေ။
ကိုကိုကတော့ မျက်နှာလေးညှိုးနေတာမို့ အာလူးက တရိပ်ရိပ်ကြည့်နေရတယ် ။ ကိုကိုက လူကြီးတွေရဲ့ ခံစားချက်တွေ စကားလုံးအချို့တွေကို နားလည်နေပြီလေ။
"မြို့မှာ ဒိုင်နိုဆောတွေထားတဲ့ ပြတိုက်ရှိတယ်တဲ့ ကိုကိုနဲ့သွားကြည့်ကြမယ်နော်"
နှုတ်ခမ်းတထော်ထော်နဲ့ ရှောင်းကျန့်ကို လက်ညှိုးလေးတို့ကာတို့ကာ ပြောလာတော့တယ်။
"သွားမယ်မလားဟင်"
ရှောင်းကျန့်က ခေါင်းညိတ်ပြတော့ မျက်လုံးလေးတွေမှီတ်တဲ့အထိ ပါးကြီးတွေဖောင်းမို့သွားတဲ့အထိ ရယ်ပြတယ်။
ရှောင်းကျန့်က ဝေးရတော့မယါဆိုတာ သိထားတယ်။ ဝမ်းစာအတွက် စီးပွါးရေးလုပ်နေတဲ့ မိဘတွေနဲ့ပါအမြဲအနေဝေးရသူမို့ နှုတ်ဆက်ရခြင်းတွေ ဝေးကွာရမယ်ဆိုတဲ့ အသိစိတ်တွေက ရှောင်းကျန့်အတွက်တော့ ခါးသက်မှုတစ်မျိုးပဲ။
"ကိုကိုနဲ့ အတူ သုံးထပ်ရေခဲမုန့်စားကြမယ်"
"ကိုကို စက်ဘီးနောက်က သားလိုက်စီးမယ်"
ညနေဘက်ဆို မြို့က အိမ်ရာဝန်းထဲ စက်ဘီးပတ်စီးလို့ ရတယ်လို့ ဝမ်မာမားပြောတာကု မှတ်သားထားတဲ့ ရိပေါ်မှာ စိတ်ကူးတွေက တောင်ပုံရာပုံပဲ။
"ကိုကို"
ကိုကိုအစချီတဲ့ စကားတွေက ရှောင်းကျန့်အတွက်တော့ ဝမ်းနည်းစရာဖြစ်နေခဲ့တယ်။
အာလူးနဲ့ ဝေးရမှာ သေမလောက်ကြောက်မိနေပါတယ်။
•
•
•
မနက်ခင်း မြူခိုးဝေဝေနဲ့ လေပြေအေးတွေ ခပ်နုနုတိုက်သော်လည်း ဝမ်အိမ်က ကလေးလေးတစ်ယောက်ရဲ့ ငိုသံနဲ့ ပွက်လောတွေရိုက်နေတယ်။