(6)Unicode

5.1K 535 17
                                    

ရှောင်းကျန့် နိုးလာတော့ နေအလင်းရောင်အစက်အပြောက်လေးတွေက မှန်ပြတင်း လိုက်ကာစ ကြားကနေ မရမကတိုးဝင်နေကြပြီပဲဖြစ်တယ်။ရှောင်းကျန့်လည်း အိပ်မှုန်စုံမွှားနဲ့ ဟိုဒီဝေ့ဝဲကြည့်လိုက်ပေမဲ့ ရုတ်တရက္မို့ ဇဝေဇဝါဖြစ်သွားရပြီး ဘယ်ရောက်နေလဲဆိုတာပြန်စဥ္းစားလိုက်တဲ့အခါ သာ့ဝေရှန်းရဲ့ သစ်လုံးအိမ်ကို သတိရသွားတယ်။တစ်ဆက်တည်း သစ်တောအရာရှိဝမ်ကိုပါ သတိရသွားတာမို့ ဘေးကနေရာကိုကြည့်လိုက်တော့ လစ်လို့လပ်လို့ရယ်။

ခေါင်းအုံးရဲရဲပေါ် လက်ဖဝါးလေးနဲ့ ဖွဖွသပ်လိုက်တော့ အေးစက်နေပြီမို့ ထသွားတာကြာပြီပဲဖြစ်ရမယ်။တစ်ချိန်တည်းမှာ
ပဲ ညတုန်းကအဖြစ်အပျက်က ခေါင်းထဲရောက်လာတဲ့အခါ ရှောင်းကျန့်မျက်နှာနုနုက ခေါင်းအုံးလေးနဲ့အပြိုင် ရဲလို့စွေးပါတယ်။ဒီနေ့အဖို့ ဘယ်လိုမျက္နှာချင်းဆိုင်ရပါ့မလဲ။အရှက်သည်းနေရတာမို့ ရှောင်းကျန့် ခန္ဓာကိုယ်လေးကို တစ်ဖက်လှည့်စောင်းလိုက်တဲ့အခါ...

"အာ့..."

ဒါနဲ့ ရှောင်းကျန့် အခုမှ သတိထားမိတယ်။သူ့ ခန္ဓာကိုယ်တစ်ခုလုံးက ကိုင်ရိုက်ခံထားရသလို နာကျင်နေတာပဲ။ အောက်ပိုင်းတစ်နေရာဆို နာကျင်မျက်ရှနေတဲ့အထိ။အဆင်ပြေမပြေကို စမ်းပြီး လှုပ်ကြည့်ပေမဲ့ လှုပ်လေနာလေဖြစ်လာတာမို့ ရှောင်း
ကျန့်ခမျာ မျက်ရည်ကြည်က အိခနဲဝဲလာရတယ်။ ကိုယ့်ထက် ၆ နှစ်လောက်ငယ်တဲ့
သူ ပြုသမျှနုခဲ့ရတဲ့အဖြစ်ကြောင့် မျက်ခမ်းစပ်လေးတွေပါ ရဲစက်လာပါတယ်။ တစ်ဆိတ်ဒီလူက အနိုင်ကျင့်တတ်လွန်းတယ်။

"နိုးပြီလား..."

သစ်တောအရာရှိဝမ်က ဩရှရှအသံနဲ့
အတူ အခန်းထဲကိုချဥ္းနင်းဝင်ရောက်လာပြီမို့ ရှောင်းကျန့် မျက်ခုံးတန်းလေး
စုကျုံ့ပစ်လိုက်တယ်။ ခြေသံဖွဖွက တဖြည်းဖြည်းနီးကပ်လာပြီးတဲ့နောက္မှာတော့ မွေ့ရာတစ်ဖက်ခြမ်းက အိခနဲ နိမ့်ဆင်းသွားပါတော့တယ်။

"ဟင်...နိုးပြီလားလို့.."

"မထိနဲ့.."

သစ်တောအရာရှိဝမ်က စကားနဲ့မေးရုံ
တင်မဟုတ်ဘဲ ရှောင်းကျန့်ခန္ဓာကိုယ်လေးကို သူ့ဘက်ဆွဲလှည့်ဖို့ကြိုးစားလာတာမို့ ဘောက်ဆတ်ဆတ်ကလေး အော်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ ထင်သလောက်တော့ အသံက စူးရှမနေခဲ့။ ညတုန်းကအော်ရလွန်းလို့နဲ့တူရဲ့။ အစ်တစ်တစ်အသံသာ
ခပ်ပြတ်ပြတ် ထွက်ကျလာတယ်။

 Together For A Day(Completed)Where stories live. Discover now