(5)Unicode

5.2K 532 43
                                    

ရယ်သံမောသံနဲ့အတူ ခွက်ချင်း
တိုက်သံတစ်ချို့က သစ်လုံးအိမ်လေး
ထဲကနေ ထွက်ပေါ်နေပါတယ်။ဟိုးဘက္မလှမ်းမကမ်းမှာရှိနေတဲ့ ကျန်းထင်တို့အဆောင်ကနေ မောင်းထားတဲ့မီးစက်ကနေတစ်ဆင့် မီးကြိုးသွယ်ထားတာမို့ အိမ်လေးဟာ လျှပ်စစ်မီးရောင် လင်းချင်းနေပါတယ်။

ဒီညက ရိပေါ် ရဲ့ မင်္ဂလာဦးညမို့ နည်းနည်းပါးပါး သောက်ဖြစ်တယ်။ ကျန်းထင်တို့အဖွဲ့က ရိပေါ် ကျူးကျိုး မှာ သစ်တောကောလိပ်တက်ကတည်းက ဂျူနီယာတွေမို့ အတော်လေးရင်းနှီးတဲ့အနေအထားပါပဲ။ ဒီညတော့ သူတို့လည်း ပျော်နေကြလေရဲ့။ စကားတွေဖောင်ဖွဲ့ပြီး အမူးသောက်နေကြတာရယ်။ သစ်လုံးအိမ်ရဲ့ကြမ်းပြင်ပေါ် ဝိုင်းဖွဲ့ထိုင်ရင်း သောက်နေကြပေမဲ့ အားလုံးနဲ့ကွဲထွက်နေတာကတော့ ရိပေါ်အမျိုးသားလေးပဲ ဖြစ်ပါတယ်။

နှာသီးဖျားလုံးလုံးလေးကို လက်ညှိုး၊ လက္မ နဲ့ညှပ်ပြီး ဖိပိတ်ထားသူလေးက အရက်နံ့ မခံနိုင်မှန်း သိသာတယ်။ တစ်ချက်တစ်ချက် ယုန်သွားလေးထင်းထွက်တဲ့အထိ ပါးစပ်ဟပြီး အသက်ရှူနေသေးရဲ့။မျက္မှောင်ကတော့အတော်လေးကြုတ်နေပေမဲ့ ထထွက်သွားတာမျိုးမဟုတ်ဘဲ ခပ်ယို့ယို့ကလေးထိုင်နေပြီး ဒုက္ခခံနေတာရယ်။ မသိရင် အတင်းအကျပ်ပဲ ထိုင်ခိုင်းထားသလိုလို။

ရေမိုးချိုးထားတာမို့ နဂိုဖူးမွှတ်တဲ့မျက်နှာလှလှလေးက ပိုလို့ကြည်စင်နေတယ်။အမြည်းပန်းကန်စုံစုံလင်လင်ကို မျက်လုံးတောက်တောက်လေးတွေနဲ့ ငေးကြည့်နေပေမဲ့ မတို့ထိပြန်ဘူး။ မနေနိုင်တဲ့ ရိပေါ်က အမဲခြောက်ဖုတ်တစ်ဖတ်ကို တူနဲ့ညှပ်ပြီး ခွံ့ဖို့ပြင်တော့ မျက်လုံးလေးထောင့်ကပ်ကြည့်လာတယ်။ကျန်းထင်တို့ကတော့ ဝိုင်းလက်ခုပ်တီးနေကြပြီပဲဖြစ်တယ်။

"ပါးစပ်ဟလေ...အာ..."

"............"

ရိပေါ် ညင်သာတိုးဖွစွာပြောလိုက်တဲ့အခါ မျက်တောင်ရှည်တွေကို ပုတ်ခတ်ရင်းကနေ ခေါင်းခါပြလာတယ်။ တစ်ချိန်တည်းမှာပဲ ဆတ်ခနဲမျက်နှာလွှဲပါတယ်။
ရိပေါ်မှာသာ တူကိုင်ရင်းတန်းလန်းနဲ့ ကြောင်အမ်းအမ်းဖြစ်ကျန်ခဲ့တော့တာ။ ဒီဂျစ်တူးကတော့လေ ဂျူနီယာတွေရှေ့ ဂျစ်တိုက်ပစ်လိုက်ပြန်ပါပြီ။

 Together For A Day(Completed)Where stories live. Discover now