တကယ်တော့ ရိပေါ် မနက်အိပ်ရာနိုးကတည်းက ရင်ခွင်ကျယ်ထဲ နစ်ဝင်နေတဲ့ ဂျစ်တူးကို စေ့စေ့စပ်စပ်ကြည့်နေခဲ့တာရယ်။ မျက်တောင်ရှည်စင်းစင်းလေးတွေကို တစ်ချောင်းချင်းရေကြည့်လို့ အားမရတဲ့အခါ အဖျားနားလေးမှာမှ လုံးသွားတဲ့ နှာတံစင်းစင်းလေးကို တစ်ဝငေးတယ်။နှုတ်ခမ်းပါးရဲစွေးစွေးအောက်က မှဲ့နက်လေးကိုတော့ အားပါးတရ ခိုးမွှေးပစ်လိုက်တာပါပဲ။
ဒီ လှတပတ အမျိုးသားလေးက ရိပေါ်အပိုင်ဖြစ်နေတာကို ဂုဏ်ယူချင်စိတ်လေးဟာလည်း ဘယ်ကနေဘယ်လိုပြူတစ်ထွက်ပေါ်လာတယ်မသိ။ နှုတ်ခမ်းစွန်းတစ်ဖက် ကော့ညွှတ်တက်အောင် ပြုံးပစ်မိတဲ့အထိ။ရိပေါ် လူက စတွေ့ကတည်းက ဂျစ်တိုက်နေပေမဲ့ ချစ်စရာတော့ အကောင်းသားပဲ။စိတ်တိုနေတဲ့ပုံစံလေးကိုက ရိပေါ်ရင်ထဲ ကလိကလိဖြစ်ပြီး အသည်းယားလာစေတယ်။ နောက်ပြီး အမူအရာသေးသေးလေးတွေကအစ ရင်ကိုတသိမ့်သိမ့်လှုပ်ခါစေပါတယ်။
အဲ နောက်တစ်ခုကတော့ အိပ်ရာပေါ်က နှီးနှောစပ်ယှက်ခြင်းပဲ။ ဒါက ရိပေါ် နှလုံးသားတစ်ခုလုံး ပေါက်ကွဲထွက္မတတ် ရင်ခုန်တိမ်းမူးစေတယ်။ အသွေးအသားတွေဆူပွက်ပြီး ဖျဉ္းခနဲဖြစ်သွားရတဲ့အထိ။အသံသေးသေးလေးနဲ့ အော်ညည်းလိုက်တဲ့အခါမျိုးဆို သွေးကြောတွေပါ ပြောင်းပြန်စီးဆင်းကုန်သလို ခံစားရတဲ့အထိပါပဲ။ အတွေ့အကြုံမရှိပေမဲ့ လေ့လာထားတာမို့ ကျန်းမာသန်စွမ်းတဲ့ရိပေါ်က ဒီလိုနေရာမှာ ခွန်အားလုံလောက်တာထက်ပိုပါတယ်။သူ့အမျိုးသားလေးသာ ပထမဆုံးအကြိမ်မို့ အထိနာနေတော့မှာရယ်။
အတွေးနဲ့အတူ သနားစိတ်က ပိုလာရပြန်တာမို့ ဆံနွယ်တိုပျော့ပျော့လေးတွေ အုပ်ဝဲနေတဲ့ ဂျစ်တူးရဲ့ နဖူးပြင်ပြေပြေပေါ်
အနမ်းဖွဖွပေးလိုက်တယ်။ နောက်တော့ တင်းတင်းကျပ်ကျပ်ထွေးပွေ့ပစ်လိုက်တာပါပဲ။ရိပေါ် ဂျစ်တူးကို သဘောကျတယ်။ ချစ်တာဘာညာက အသာထား။ ဒီတိုင်း မျက်စိရှေ့မှာမြင်နေရရုံနဲ့ကို ကျေနပ်နေတာမျိုး။ ဂျစ်တူးစိတ်ဆိုးအောင် တမင် ကလူကျီစယ်နေရတာကိုက အရသာရှိနေတာမျိုး။နောက်ပြီး ဂျစ်တူးကို ကလေးလေးလို အလိုလိုက်ပစ်လိုက်ချင်တာမျိုးနဲ့ပေါ့။
YOU ARE READING
Together For A Day(Completed)
Fiksi Penggemar"ဘာ...ဘာလို့ လူကို ဂျစ်တူး လဲ" "အာ...ဂျစ်တူးမို့လို့ ဂျစ်တူးလို့ခေါ်တာပေါ့...ဂျစ်တူးရ..."