သစ်တောအရာရှိဝမ်က ဆင်ခြေလျှောအတိုင်း လျှောဆင်းလာတာမို့ ဓာတ်မီးရဲ့အလင်းတန်းလေးဟာ တရိပ်ရိပ်ပြေးလွှားနေတယ်။ ရွက်ကြွေတွေကိုတွန်းတိုက်လာရတာမို့ ရှဲရှဲမြည်သံက ဒရောသောပါးနဲ့ရယ်။အသံဗလံတွေ ရပ်တန့်သွားတဲ့အခါမှာတော့ သစ်တောအရာရှိဝမ်တစ်ယောက် ရှောင်းကျန့် နံပါးရောက်ရှိခဲ့ပါပြီ။ ဒီတော့မှသာ ရွက်ကြွေတွေကြား ပုံ့ပုံ့ကလေးမြုပ်နေရှာတဲ့ ရှောင်းကျန့် လည်း အားတက်သွားပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားရပါတော့တယ်။"ဂျစ်တူး..."
"သစ်တောအရာရှိဝမ်.."
"ဂျစ်တူး..ဘာဖြစ်သွားသေးလဲဟင်..."
"ဟင့်အင်း..ခြေခေါက်ရုံပါပဲ.."
သစ်တောအရာရှိဝမ်က ဒူးထောက်ထိုင်ချလိုက်ပြီး ေရှာင်းကျန့် ပခုံးဖျားလေးနှစ်ဖက်ကို ထွေးဆုပ်လို့ ဟိုဒီလှည့်ပတ်စစ်ဆေးလာပါတယ်။ စကားသံနွေးနွေးဟာ အက်အက်ကွဲကွဲနဲ့ စိတ်ပူရိပ်လေး သိသိသာသာစွက်တယ်။ ဓာတ်မီးရောင်အောက္မှာ မပီဝိုးတဝါးမြင်နေရတဲ့ မျက်နှာချောေချာကတော့ နွမ်းဖျော့နေပါတယ်။
ရှောင်းကျန့်လည်း အဖြေစကားတိုးတိုးလေးနဲ့အတူ ခြေချင်းဝတ်တစ်ဖက်ကို လက်ဖဝါးလေးနဲ့ အသာပုတ်ပြလိုက်တဲ့အခါ သစ်တောအရာရှိဝမ်က ခြေချင်းဝတ်လေးကို ဖွဖွရွရွအုပ်ကိုင်လာပါတယ်။နောက်တော့ ရှောင်းကျန့် မျက်နှာလေးကို စေ့စေ့စပ်စပ်ကြည့်လာပြီး...
"အရမ်းနာနေလား..."
"အွန်း...နည်းနည်း"
"မျက်ရည်တွေတောင် မခြောက်သေးဘူးပဲ...အရမ်းကြောက်နေခဲ့တာလား...ဟင်"
"..........."
သစ်တောအရာရှိဝမ်က မေးခွန်းတွေမေးရင်းကနေ ရှောင်းကျန့် ပါးပြင်ပေါ်က စိုလက်စ မျက်ရည်တွေကို လက္ညှိုးနဲ့ ဖွဖွပွတ်လို့ ဆွဲသုတ်ပေးလာပါတယ်။ ငိုချင်လျက် လက်တို့ဆိုသလိုပါပဲ။ ရှောင်းကျန့် တကယ်ကို ကြောက်နေခဲ့တာမို့ သစ်တောအရာရှိဝမ် အခုလိုမေးလာတဲ့အခါ
ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်တွေးမိပြီး မျက်ရည်က ပိုလို့တောင် ခုန်ဆင်းလာပါတော့တယ်။
![](https://img.wattpad.com/cover/322598444-288-k926600.jpg)
YOU ARE READING
Together For A Day(Completed)
Fanfiction"ဘာ...ဘာလို့ လူကို ဂျစ်တူး လဲ" "အာ...ဂျစ်တူးမို့လို့ ဂျစ်တူးလို့ခေါ်တာပေါ့...ဂျစ်တူးရ..."