(20)Zawgyicode

1.2K 53 0
                                    

ရှောင်းကျန့် အဝတ်တွေသိမ်းခေါက်နေရင်း သစ်တောအရာရှိဝမ်ကို လှမ်းကြည့်တော့ အခန်းထောင့်မှာ ခြေပစ်လက်ပစ်ထိုင်ချလို့ ဂစ်တာကြိုးညှိနေလေရဲ့။ ချန်ရှားကပြန်လာကတည်းက တိတ်ဆိတ်နေတဲ့သစ်တောအရာရှိဝမ်ကြောင့် ရှောင်းကျန့်လည်း ငြိမ်ငြိမ်ကလေးနေနေရပါတယ်။ အခုတောင် အဝတ်ခေါက်ရင်း မျက်လုံးထောင့်ကနေ ခိုးကြည့်ရတာရယ်။

တကယ်တော့ အခွင့်အရေးဆိုတာ ရတုန်းယူထားရတာမို့ ရှောင်းကျန့် ရှန်ဟိုင်းကိုလိုက်သွားချင်တာ အမှန်ပါပဲ။ ဒါပေမဲ့ တစ်ဖက်မှာကလည်း သစ်တောအရာရှိဝမ်ရှိနေတာကြောင့် စိတ်က ဒွိဟဖြစ်နေရတယ်။အိမ်ထောင်ကျခါစစိတ်နဲ့သာဆိုရင် ချက်ချင်းလိုက်သွားမိမှာဆိုပေမဲ့ အခုကျ ရှောင်းကျန့် ခမျာ ချီတုံချတုံဖြစ်နေရပါတယ်။

သေချာတာကတော့ မခွဲခွါချင်တဲ့စိတ်အမျှင်တန်းလေးကြောင့်ပါပဲ။ ဟုတ်ပါတယ်။ အရင်ထက် ပိုလာတဲ့သံယောဇဉ္ကြောင့် သစ်တောအရာရှိဝမ်နဲ့ ခဏလေးဖြစ်ဖြစ် ဝေးရမှာမျိုးကိုတောင် မလိုလားတော့ဘူးရယ်။ ဒါကြောင့်လည်း အခုထိ ဝေခွဲရခက်နေတာပါပဲ။တကယ်လို့များ သစ်တောအရာရှိဝမ်ဘက်က တားမြစ်လာခဲ့ရင်တော့ ရှောင်းကျန့် သေချာပေါက် ခေါင်းညိတ်မိမှာပါပဲ။ရှောင်းကျန့်ရဲ့ဖြစ်တည်မှုမှန်သမျှကို  သစ်တောအရာရှိဝမ်ဆီ တိတ်တိတ်ကလေး ပုံအပ်ထားပြီးသားမို့။

ရှောင်းကျန့် အဝတ်ခေါက်နေရင်း တစ်ယောက်တည်းအတွေးလွန်နေချိန်မှာပဲ ရုတ်တရက်ကြားလိုက်ရတာက...

"ထောက်! "

"ကျစ်..."

ဂစ်တာကြိုးပြတ်သွားတာဖြစ်ပြီး သစ်တောအရာရှိဝမ်ရဲ့ စုတ်သပ်သံက နောက်ဆက်တွဲထွက်ပေါ်လာပါတယ်။သစ်တောအရာရှိဝမ်က ဂစ်တာကို ကြမ်းပြင်ပေါ် ဒီတိုင်းလှဲချထားလိုက်တဲ့အခါ အခုလေးတင် ပြတ်တောက်သွားတဲ့
ဂစ်တာကြိုးဟာ လှုပ်လှုပ်ရမ်းရမ်း။ရှောင်းကျန့် လည်း အဝတ်ဆက်မခေါက်ဖြစ်တော့ဘဲ အခြေအနေကို တိတ်တဆိတ်စောင့်ကြည့်နေတဲ့အခါ သစ်တောအရာရှိဝမ်က သစ်လုံးနံရံပေါ် ခေါင်းမှီချလိုက်ရင်း စကားစလာပါတယ်။

"အဲ့အဝတ်တွေခေါက်ပြီးတာနဲ့ ခရီးဆောင်သေတ္တာထဲသေချာထည့်...မနက်ဖြန်စနေနေ့မလား...သွားရမှာမို့ ပြင်ဆင်တော့..."

 Together For A Day(Completed)Where stories live. Discover now