ဆောင်းဉီးရောက်ပြီမို့ ရာသီဥတုက စွတ်စိုပြီး အေးစိမ့်စိမ့်ကလေး။သစ်ရွက်ဖျားတွေဆီ သေချာကြည့်မယ်ဆိုရင်တော့ နှင်းရည်တွေ စိုလူးနေတာကိုတွေ့နိုင်ပါလိမ့်မယ်။သစ်တောကြိုးဝိုင်းထဲမှာမို့ အအေးဓာတ်
က ပိုကဲနေပြန်ပါရဲ့။ ဆောင်းရာသီမဟုတ်သေးတာတောင်မှ ရှောင်းကျန့်ခမျာ အိပ်ရာထဲကွေးကုပ်နေရပြီရယ်။သီချင်းအစီအစဉ္ပြီးသွားပြီမို့ ရေဒီယိုခလုတ်ကို ထောက်ခနဲမြည်အောင် ပိတ်လိုက်တယ်။နောက်တော့ ခြုံစောင်နဲ့ထွေးထားတဲ့ ကိုယ်လုံးလေးကို တစ်ပတ်လှိမ့်ပစ်လိုက်ပါတယ်။စားပွဲပေါ်က နာရီသေးသေးလေးကို လှမ်းကြည့်တဲ့အခါ ညနေ ၄ နာရီတောင်ထိုးလုပြီပဲ။
အခန်းထဲ တစ်နေကုန်ကွေးနေလို့မဖြစ်တော့တာမို့ ရှောင်းကျန့် အခန်းပြင်ဘက်ထွက်လာလိုက်ပါတယ်။ညနေဘက်ရောက်ပြီမို့ ကျနေ က မှန်ပြတင်းကိုဖြတ်ပြီး အိမ်ရှေ့ကြမ်းပြင်ပေါ် ကျရောက်နေတယ်။ လိုက်ကာစပြာလွင်လွင်လေးကိုပါ ထိခတ်ထိုးဖောက်လာရတာမို့ နေရိပ်ဟာ အပြာဖျော့ရောင်ကလေး ဟပ်လို့ရယ်။
ပျိုးပင်တွေ ထပ်စိုက္ဖို့ မြေဟက်တာလက်ကျန် စာရင်းတွေနဲ့ သစ်ပင်အပျက်အစီးစာရင်းအပါအဝင် ကြိုးဝိုင်းရဲ့လိုအပ်ချက်တွေနဲ့ စခန်းတွင်းအသုံးစရိတ် ကိစ္စတွေအားလုံးက သစ်တောအရာရှိဝမ်ရဲ့ တာဝန်ချည်းပဲမို့ အခုလို လကုန်ခါနီးရက်ပိုင်းတွေမှာ အလုပ်ရှုပ်လေ့ရှိပါတယ်။ဒါကြောင့်မို့ သစ်တောအရာရှိဝမ် ခုထိပြန်မရောက်သေးတာပဲ ဖြစ်ပါလိမ့်မယ်။
ရှောင်းကျန့်လည်း ဟိုဒီလှမ်းမျှော်ကြည့်ပြီးတာနဲ့ ဧည့်ခန်းဆက်တီမှာ ယို့ယို့ကလေး ဝင်ထိုင်လိုက်ပါတယ်။ ခြေအိတ်ဝတ်မထားတာမို့ အေးတိအေးစက်ဖြစ်နေတဲ့ ခြေဖျားလေးတွေကို ကွေးကုပ်ပစ်လိုက်တယ်။ မျက်လုံးတောက်တောက်လေးတွေကိုတော့ အိမ်ပေါက်ဝဆီ ဉီးတည်ထားပါတယ်။
"မောင်ပြန်ရောက်ပြီ..."
ပင်ပန်းလာပုံရတဲ့ သစ်တောအရာရှိဝမ်က မျက်နှာနည်းနည်းနွမ်းနေပေမဲ့ လေသံကိုတော့ အတတ်နိုင်ဆုံးမြူးတူးထားမှန်း ရှောင်းကျန့်ရိပ်မိတယ်။ ရှောင်းကျန့် အပေါ်မှာဆို အမြဲတမ်း ချိုလွင်နူးညံ့နေတတ်သူပါပဲ။ စကားဆုံးတာနဲ့ ရှောင်းကျန့် အရှေ့ ဆက်တီမှာဝင်ထိုင်လာပုံက လျော့တိလျော့ရဲနဲ့ရယ်။သစ်တောအရာရှိဝမ်က
မျက်ခုံးတန်းနှစ်ခုကြားကို နှိပ်နယ်နေသလို နားထင်ကိုပါ လက်ညှိုးနဲ့ ဖိနှိပ်နေတာမို့ ခေါင်းကိုက်နေပုံပါပဲ။
![](https://img.wattpad.com/cover/322598444-288-k926600.jpg)
YOU ARE READING
Together For A Day(Completed)
Fanfiction"ဘာ...ဘာလို့ လူကို ဂျစ်တူး လဲ" "အာ...ဂျစ်တူးမို့လို့ ဂျစ်တူးလို့ခေါ်တာပေါ့...ဂျစ်တူးရ..."