(9)Zawgyicode

1.6K 58 0
                                    

ရိပေါ် တို့ အခု ပျိုးခင်းဧရိယာဘက် မှာရောက်ရှိနေပါတယ်။ ဂျစ်တူး ကိုပါခေါ်လာခဲ့တာမို့ မြင်မြင်သမျှအထူးအဆန်း ဖြစ်နေပုံရလေရဲ့။ မျက်လုံးလဲ့လဲ့လေးတွေနဲ့ တအံ့တဩငေး​နေတော့တာရယ်။

ကျန်းထင်တို့အဖွဲ့က ပျိုးပင်တွေကို နေရာချတဲ့သူက ချပြီး ​မြေတိုင်းတဲ့သူက တိုင်းလို့ အလုပ်ရှုပ်နေကြပါတယ်။စိုက်ပြီးသား အပင်ပေါက်တွေကိုတော့ ရေပိုက်ပျော့ကိုအပေါက်အများကြီးပါတဲ့အဆို့နဲ့ တပ်ပြီး ရေဖျန်းထားချိန်မို့ ရေအမှုန်အမွှားတွေ လာစင်တဲ့အခါ ဂျစ်တူးက မျက်လုံးလေးတွေ ကွေးကုပ်ကျသွားတဲ့အထိ သဘောတကျပြုံးပါတော့တယ်။ ရိပေါ်ကတော့ အဲ့ဒီအပြုံး​လေးကိုပဲ တခုတ်တရငေးမောရပါတယ်။

ဂျစ်တူးမှာက ဂျာကင်ကောင်းကောင်း
တွေပဲပါလာတာမို့ ရိပေါ် ရဲ့ ကာကီရောင်ရှပ်အင်္ကျီလက်ရှည်ကို ဝတ်ပေးထားရတယ်။ခန္ဓာကိုယ်သေးကွေးတာမို့ အင်္ကျီပွထဲ မြုပ်နေသူလေးက ရိပေါ် ရဲ့ ဉီးထုပ်ပျော့ကို ယူဆောင်းထားသလို နေကာမျက္မှန်ကိုပါ ယူတပ်ထားပါတယ်။နွေနေပူကြောင့် အသားမည်းမှာစိုးပါသတဲ့။

လောလောဆယ်တော့ နေကာမျက္မှန်ကို ဉီးထုပ်ပေါ် ပင့်တင်တပ်ထားတာပဲဖြစ်တယ်။နှုတ်ခမ်းတစူစူနဲ့ ဆွဲလွဲယူဝတ်ထားတာဆိုပေမဲ့ ရိပေါ်ကတော့ အသာတကြည်ပေးဖို့ အဆင်သင့်ပါပဲ။ သူ့ဂျစ်တူးရဲ့ ဝါနှစ်နှစ်အသားအရေလေး နေမခဖို့က ပိုအရေးကြီးပါတယ်။

ဂျင်းဘောင်းဘီရှည်ကို ခေါက်ဝတ်ထား
တာမို့ မွေးညင်းစိမ်းတွေ ယှက်ဖြာနေတဲ့ ဂျစ်တူးခြေသလုံးသွယ်သွယ်တွေက အထင်းသားနဲ့ရယ်။ ရိပေါ် ရှေ့မှာမှ မျက်စိအစာလာကျွေးနေတဲ့ ဂျစ်တူးပါပဲ။ ဘယ်ဘက်ကကြည့်ကြည့် အစိတ်အပိုင်းတစ်ခုချင်းစီကိုက လှနေတာမို့ ရိပေါ် ကျိတ်သက်ပြင်းချလိုက်ရတယ်။ဟူး...ရင်ခုန်မြန်စေတဲ့အထိ သိပ်လှနေတဲ့ သူ့ ဂျစ်တူးက
တကယ့်ကို သိမ်းဖွက်ထားချင်စရာလေး။

"သစ်တောအရာရှိဝမ်...အဲ့ဒါဘာကောင်လေးလဲ"

ရိပေါ် သတိလက်လွတ်ငေးမောနေတုန်း ဂျစ်တူးက တစ်နေရာကိုလက်ညှိုးလေးနဲ့ ညွှန်ပြလို့ ​မေးလာပါတယ်။ ဂျစ်တူးက ဒီရက်တွေအတောအတွင်း ရိပေါ်နဲ့ ပိုရင်းနှီးလာသလိုပါပဲ။ အခုလို စိတ်လိုလက်ရ မေးမြန်းတတ်လာတယ်။ ရိပေါ် ဂျစ်တူး လက်ညှိုးသွယ်လေး ဉီးတည်ရာကို ကြည့်လိုက်တဲ့အခါ ပျိုးပင်တွေကြား လမ်းပျောက်နေပုံရတဲ့ အညိုရောင် ရှဉ့်ပေါက်စတစ်ကောင်ကို တွေ့လိုက်ရပါတော့တယ်။

 Together For A Day(Completed)Where stories live. Discover now