ရိပေါ် ဒီနေ့တစ်နေကုန် မလန်းဘူး။
ခေါင်းက ထိုးကိုက်အုံခဲနေတာမို့ စိတ်ပါထိုင်းမှိုင်းနေတာပဲဖြစ်တယ်။ ဒါပေမဲ့လည်း အလုပ်ကိစ္စတွေတစ်ခါတည်း ပြီးပြတ်အောင် လုံးပန်းချင်သေးတာမို့ မနားဖြစ်ဘူးရယ်။ အိမ်ရောက်တော့မှ အပြည့်အဝနားမယ်ကြံပေမဲ့ ရုတ်တရက်ကြားလိုက်ရတဲ့ ဖန်ခွက်သံက ခွမ်းခနဲ။ ဂျစ်တူးကို စိတ်ပူသွားရတာမို့ ခပ်သွက်သွက်ပြေးကြည့်တော့ ဘာမှထိခိုက္သွားပုံတော့ ပေါ်မနေ။စိတ်မကြည်တဲ့ ရိပေါ် က ဂျစ်တူးကို အားမလိုအားမရနဲ့ မချင့်မရဲဖြစ်သွားရတာတော့အမှန်ပါပဲ။ဂျစ်တူးကို ထိခိုက်ရှနာသေးသေးလေးတောင်မှ မရှိစေချင်တာမို့ အရာရာ ရိပေါ် လက်၊ ရိပေါ်ခြေချည်း လုပ်ကိုင်ပေးခဲ့တာရယ်။ဒါဟာ စောင့်ရှောက်ရမဲ့ တာဝန်ဝတ္တရားကြောင့် မဟုတ်ဘဲ ရိပေါ် စိတ်နှလုံးထဲကကို ကြည်ကြည်ဖြူဖြူ ထမ်းရွက်ပေးချင်ခဲ့မှန်း ရိပေါ် ကိုယ်တိုင်သာအသိဆုံးပါပဲ။
အခုကျ ဂျစ်တူးရဲ့ နမော်နမဲ့နိုင်မှုကလေးကြောင့် ရိပေါ် ထူပူပြီး လေသံမာသလိုဖြစ်သွားတယ်။ဂျစ်တူးကတော့ အထင်လွဲသွားပုံပါပဲ။အသံစူးစူးလေးနဲ့ အော်ဟစ်ပြီးအိမ်အောက်ကို ဆောင့်ဆောင့်အောင့်အောင့်ကလေး ဆင်းသွားတော့တာရယ်။ ကော်ဖီကိုနှမြောတာ မဟုတ်သလို ဖန်ခွက်ကိုလည်း မနှေမြောမှန်း ဂျစ်တူးသိစေချင်ပါတယ်။မှဲ့ပွင့်သေးသေးလေးကစလို့ ခြေဖမိုးဖွေးဖွေးလေးတွေအထိ သိပ်တန်ဖိုးထားတယ် ဆိုတာကိုရောပေါ့။
ဖန်ခွက်အကွဲကို သိမ်းဆည်းပြီးတဲ့အခါ ကြမ်းပြင်ကိုပါပြောင်စင်အောင် သုတ်လိုက္တယ်။နောက်တော့ အခန်းထဲကနေ ခေါင်းကိုက်ပျောက်ဆေးသွားယူပြီး ရေနဲ့မျှောချပစ်လိုက်ရတာပါပဲ။ ကောက်တေးလေးကို ချော့မော့ဖို့ရာ ကိုယ်တိုင်က လန်းဆန်းနေမှဖြစ်ပါမယ်။တစ်လက်စတည်း ဂျစ်တူးအတွက် ကော်ဖီတစ်ခွက် ဖျော်ဖို့ပြင်ရပါသေးရဲ့။ အစားအသောက်နဲ့ ချော့တာမို့ ကောက်ကွေးကလေး စိတ်ဆိုးပြေစေနိုးနဲ့ပေါ့။
"ဂျစ်တူး..."
"............."
"ဂျစ်တူးရေ..."
![](https://img.wattpad.com/cover/322598444-288-k926600.jpg)
YOU ARE READING
Together For A Day(Completed)
Fanfiction"ဘာ...ဘာလို့ လူကို ဂျစ်တူး လဲ" "အာ...ဂျစ်တူးမို့လို့ ဂျစ်တူးလို့ခေါ်တာပေါ့...ဂျစ်တူးရ..."