သစ်လုံးအိမ်ကလေးဟာ လျှပ်စစ်မီးရောင်အောက်မှာ ဝါလဲ့လဲ့လေး လင်းဖြာနေတယ်။ရိပေါ် မွေ့ရာတစ်ဖက်ခြမ်းပေါ်မှာထိုင်ရင်း ဂစ်တာလက်ကွက်စမ်းနေတုန်း
မှာ ဂျစ်တူးကတော့ စောင်ပုံထဲကနေ ကွေးကွေးလေးလှဲလို့ စောင့်ကြည့်နေပါတယ်။ စာအုပ်ကိုကြည့်ပြီး တီးခတ်နေတာမို့ ဂစ်တာသံက ပြတ်တောက်တောက်လေး ထွက်ကျတယ်။ ဂျစ်တူးကတော့ ခေါင်းလုံးလုံးလေးကို ဆတ်ခနဲ၊ဆတ်ခနဲညိတ်ရင်း စည်းချက်လိုက်လို့ရယ်။"ဒီကီးက မနည်းလှသားပဲနော် ဂျစ်တူး..."
"အွန်း...အဲ့သီချင်းက ငါအကြိုက်ဆုံးထဲမှာပါတယ်"
ရိပေါ် ဂစ်တာကြိုးပြန်ညှိရင်းပြောလိုက်တဲ့အခါ ဂျစ်တူးက ခပ်သွက်သွက်လေး ပြောလာပါတယ်။ သီချင်းတွေနဲ့ပတ်သက်လာရင် မျက်လုံးလေးတွေ လဲ့တောက်လာတတ်တဲ့အထိ စိတ်ဝင်တစားရှိသူလေးကို ရိပေါ် ခေါင်းငဲ့လို့ ငေးစိုက်ကြည့်လိုက်တယ်။သူ့ဂျစ်တူးက အနုပညာကို သိပ်ချစ်တာပဲ။ ရိပေါ်ကတော့ ဟော့ဒီ အနုပညာရှင်လေးကိုမှ ဆတက်ထမ်းပိုး တိုးလို့ချစ်ရပါတယ်။
"စာသားလည်း မဆိုးဘူးပဲ..."
"အင်း...ဒါနဲ့ မင်း ငါ့သီချင်းတွေကို တစ်ခါမှမကြားဖူးဘူးလားဟင်"
ရိပေါ် စကားပြန်စလိုက်တဲ့အခါ ဂျစ်တူးက ခပ်တိုးတိုးလေးမေးမြန်းလာပါတယ်။ သိချင်စိတ်ပြင်းပြနေသူကလေးက မျက်လုံးလေးတွေ လဲ့လက်လို့ ရိပေါ်အဖြေကိုငံ့လင့်နေသေးတာရယ်။ ရိပေါ်လည်း ချစ်မဝလေးကို တမင်စနောက်ချင်သွားရတာမို့ ခေါင်းကိုခပ်ဖြည်းဖြည်းချင်း ခါရမ်းလိုက်ပြီး...
"ဟင့်အင်း...မောင်တစ်ခါမှမကြားဖူးဘူး..."
"အာ..."
ရိပေါ် အဖြေစကားကြောင့် ဂျစ်တူးခမျာ ငြိမ်ကျသွားပါတော့တယ်။အသံတိုးတိုးလေးဟာလည်း အဖျားနားလေးတိုးတိမ်နစ်ဝင်သွားတာမို့ ရိပေါ်လည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားရပါတယ်။ သူ့ဂျစ်တူးတစ်ယောက် စိတ်မကောင်းဖြစ်သွားရှာတော့မှာ။ ဒါကြောင့်မို့ ဂစ်တာကို မွေ့ရာပေါ်အမြန်လှဲချလိုက်ပြီး ဂျစ်တူးအနားတိုးကပ်သွားလိုက်ပါတယ်။နောက်တော့ ကွေးကွေးလေး လဲလျောင်းနေတဲ့ ဂျစ်တူးကို နူးနူးညံ့ညံ့ငုံ့မိုးကြည့်လိုက်ပြီး...
YOU ARE READING
Together For A Day(Completed)
Fanfiction"ဘာ...ဘာလို့ လူကို ဂျစ်တူး လဲ" "အာ...ဂျစ်တူးမို့လို့ ဂျစ်တူးလို့ခေါ်တာပေါ့...ဂျစ်တူးရ..."