(10)Unicode

4.7K 472 15
                                    

ရှောင်းကျန့် တစ်ယောက်အိမ်ပေါက်ဝနားက ကြမ်းပြင်မှာ တင်ပျဉ္ခွေထိုင်နေပြီး ဂစ်တာကို ပွေ့ပိုက်ထားတယ်။လက်ဖျားလေး တစ်ချက်အလှုပ်မှာတော့ ဂစ်တာကြိုးဆီက အသံပြတ်တောက်တောက်ကလေး ထွက်ကျလာပါတယ်။ရှောင်းကျန့်က ခုချိန်ထိ ဂစ်တာလက်ကွက်ကို A minor နဲ့ G minor ကနေ မတက်သေးတာမို့ ရသလောက်သာ တီးကြည့်နေရတာပဲဖြစ်တယ်။ရှောင်းကျန့် သီချင်းမဆိုဖြစ်တာမနည်းကြာပြီ။ ပါး စျာပန​ပြီးကတည်းက  သီချင်းတောင် ညည်းဖြစ်ခဲ့တာ မဟုတ်ဘူးရယ်။

အတွေးနဲ့အတူ ပါးကို သတိရသွားပြန်တာမို့ မျက်ရည်ကြည်က အိခနဲဝိုင်းလာတယ်။ ရှောင်းကျန့် က ပါးကို လွမ်းလို့ ငိုချင်တဲ့အခါ ရေချိုးခန်းထဲမှာပဲ ကျိတ်ငိုဖြစ်ပါတယ်။ဝမ်းပန်းတနည်းဖြစ်နေလိမ့်မယ့် သူ့မျက်နှာကို သစ်တောအရာရှိဝမ်ကို ပေးမမြင်စေချင်လို့ပါပဲ။အခုလည်း သစ်တောအရာရှိဝမ် ပျိုးခင်းဘက်သွားတုန်းမို့သာ မျက်ရည်ရဲရဲ ဝဲပစ်လိုက်တာရယ်။

သစ်တောအရာရှိဝမ်ဆိုမှ...အရင်ကဆို ရှောင်းကျန့်ခမျာ သစ်တောအရာရှိဝမ်နဲ့ နှစ်ယောက်တည်းရှိရမှာကို​​​ စိတ်ရှုပ်ရပေမဲ့ အခုကျ နေသားကျသွားသလိုလိုပါပဲ။ မထိတထိနဲ့ ကလူကျီစယ်တတ်ပြီး ရင်ခုန်အောင်လုပ်တတ်ပေမဲ့ စိတ်ထားပြည့်ဝတဲ့ သစ်တောအရာရှိဝမ်က နှစ်လိုဖွယ်တောင် ကောင်းနေသေးတော့တာရယ်။ ရုပ်ရည်ရော၊ ရာထူးရော ပြောစရာမရှိသူက ရှောင်းကျန့်ကိုဆို ဂရုစိုက်တတ်ပြန်ပါသေးရဲ့။ လူလည်ကျပြီး နှာဘူးထတတ်တာလေးက လွဲလို့ပေါ့။

ရုတ်တရက် သစ်တောအရာရှိဝမ်ကို ​ေတွးမိသွားတာမို့ ရှောင်းကျန့်လည်း ဆံပင်တိုလေးတွေ လွင့်ခါသွားတဲ့အထိ ခေါင်းကို ရမ်းခါပစ်လိုက်တယ်။ ဟင့်အင်း...သူ့ကိုယ်သူ "မောင်" လို့သုံးနှုန်းလိုက်တိုင်းမှာတောင် ရင်ခုန်နေရတဲ့ဟာကို အတွေးတွေထဲအထိပါ လိုက္မစိုးမိုးချင်ပါနဲ့ဦး။

ရှောင်းကျန့် ရဲ့ ကိုယ်ပိုင်သီချင်းက ကက်ဆက်တစ်ခွေစာမို့ စုစုပေါင်း ၁၀ ပုဒ်
ရှိတယ်။ တီးဝိုင်းနဲ့ တီးထားတဲ့သံစဉ္ တွေချည်းမို့ အိမ်မှာသာဆို စန္ဒရားနဲ့ ကီးပြောင်းပြီး ဆိုလို့ရပေမဲ့ အခုကျ မတီးတတ်တဲ့ ဂစ်တာကိုသာ ဒီအတိုင်းပွေ့ပိုက်ထားရတာရယ်။ လက်ချောင်းသွယ်လေးတွေကတော့ ဟိုထိ ဒီခတ်နဲ့ ရွေ့လျားနေမိတုန်းပါပဲ။

 Together For A Day(Completed)Where stories live. Discover now