ရိပေါ် ဧည့်ခန်းဆက်တီမှာ စာရင်းလုပ်ရင်း အိမ်တံခါးဝနားကို လှမ်းကြည့်တော့ ဂျစ်တူးရဲ့ ကျောပြင်သေးသေးလေးကိုသာတွေ့ရတယ်။ လှေကားမရောက်ခင်အဆင့်မှာ ခြေဆင်းထိုင်နေပုံပါပဲ။ ဘာတွေတကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတယ်တော့မသိ။
ကျောပြင်ငယ်လေးဟာ လှုပ်တုပ်လှုပ်တုပ် ဖြစ်နေသေးတော့တာရယ်။"ဂျစ်တူး..."
"အွန်..."
ရိပေါ် ပေတံနဲ့ မျဉ္းသားရင်း ခေါ်လိုက်တဲ့အခါ အသံသေးသေးလေးနဲ့ တုံ့ပြန်လာလေရဲ့။ ခုနောက်ပိုင်း ဂျစ်တူးက ဒီနာမ်စားလေးကို လက်ခံလာပုံပါပဲ။ အသံပိစိလေးနဲ့ ထူးတတ်နေပြီရယ်။
"ဘာတွေလုပ်နေတုန်း..."
"............"
"ဟင်...ဂျစ်တူး..."
"ဖူးးးးး"
ရိပေါ် မေးလိုက်ပေမဲ့ ပြန်ဖြေသံမကြားရဘဲ ဖူးခနဲမှုတ်သံလေးသာ ခပ်တိုးတိုးထွက်လာပါတယ်။ လက်ကလေးတောင် ပင့်မြှောက်ပစ်လိုက်သေးပုံပါပဲ။ လှုပ်လှုပ်ရှားရှား
လေးတောင် ဖြစ်နေပါသေးရဲ့။ ဘာတွေ ဒီလောက်တောင် သဲကြီးမဲကြီးအလုပ်ရှုပ်နေတယ်မသိတာမို့ ရိပေါ် ဇဝေဇဝါဖြစ်သွားရတယ်။ ဂျစ်တူးခြေထောက်က သက်သာရုံရှိသေးတာမို့ ဒီတိုင်း ကြည့်မနေနိုင်တော့တဲ့ ရိပေါ်တစ်ယောက် ဆက်တီပေါ်ကနေ ထဖို့ပြင်ရပါတော့တယ်။ရိပေါ် အသံမပေးဘဲ ခြေကိုဖွဖွနင်းလျှောက်သွားပြီး ဂျစ်တူးနောက္မှာ ရပ်တန့်လိုက်တဲ့အခါမှ တွေ့လိုက်ရတာက စက္ကူလေယာဉ္ဖွေးဖွေးကလေးတွေ။
တစ်ချို့က လေဟုန်ဝဲပြီး တစ်ချို့က အိမ်ရှေ့မြေကွက်လပ်မှာ အတုံးအရုံးနဲ့။ တစ်ချို့ကတော့ ဂျစ်တူးရဲ့ ခြေတံသွယ်တွေကြားမှာ ဆိုက်ကပ်ရပ်နားနေကြပါတယ်။
ဂျစ်တူး ပေါင်ပေါ်မှာတော့ ရိပေါ် စာရင်းရေးဖို့ဝယ်ထားတဲ့ စက္ကူဖြူတွေအထပ်လိုက်ရှိလို့နေတယ်။ လက်သေးသေးလေးထဲမှာတော့ ခေါက်လက်စ စက္ကူလေယာဉ္လေးတစ်စင်းက ငိုက္မျဉ်းလို့ရယ်။"ဂျစ်တူး..."
"ဟင်..."
ရိပေါ် ရုတ်တရက်အသံပေးလိုက်တာမို့ ဂျစ်တူး ခန္ဓာကိုယ်လေး ဆတ်ခနဲတုန်သွားပြီး အာမေဍိတ်သံကလေး ထွက်ကျလာပါတယ်။တစ်ဆက်တည်း ငုံ့မိုးကြည့်နေတဲ့ ရိပေါ်ကို ခေါင်းလေးလှန်မော့လို့ ကြည့်လာပြန်သေးရဲ့။ ရိပေါ်လည်း မချင့်မရဲဖြစ်သွားရပြီး ဂျစ်တူး နဖူးပြင်ပြေပြေလေးပေါ် လက်ညှိုးထိပ်နဲ့ ဖွဖွတို့ထိလိုက်ပါတယ်။ တစ်ယောက်တည်း ထိုင်ကစားနေတဲ့ ကလေးလူကြီးလေးကို သူ့မှာ အသည်းအူယားရလွန်းလို့။
YOU ARE READING
Together For A Day(Completed)
Fanfiction"ဘာ...ဘာလို့ လူကို ဂျစ်တူး လဲ" "အာ...ဂျစ်တူးမို့လို့ ဂျစ်တူးလို့ခေါ်တာပေါ့...ဂျစ်တူးရ..."