May, 1996 .
"ကောင်းလိုက်တာ..."
ရိပေါ် သီချင်းကိုအဆုံးသတ်ဖို့ ဂစ်တာ
ကြိုးကို လွှဲခတ်အပြီးမှာတော့ ဂျစ်တူးက လက်မလေးထောင်လို့ ချီးကျူးလာပါတယ်။ ရိပေါ်လည်း သဘောကျသွားရတာမို့ နှုတ်ခမ်းဖျားလေး ကော့ညွှတ်တက်တဲ့အထိ ပြုံးလိုက်တယ်။ ဂျစ်တူးကတော့ ပါးချိုင့်လေး ခွက်ခနဲထင်းတဲ့အထိပြုံးရင်း စကားစလာပါတော့တယ်။"ငါ့သီချင်းတွေအကုန်လုံး မင်း တီးတတ် ဆိုတတ်နေပြီနော်..."
"အွန်းပေါ့...မောင့် ဂျစ်တူးသီချင်းပဲကို မောင်က အကုန်အလွတ်ရနေမှဖြစ်မှာပေါ့..."
"ဒါနဲ့...ငါ ဂစ်တာတီးသင်ဖို့က တကယ်လက်လျှော့လိုက်ရတော့မှာလား..."
ဂျစ်တူးက မျက်လုံးလဲ့လဲ့လေးတွေနဲ့ အတည်ပြုမေးမြန်းလာတာမို့ ရိပေါ်လည်း ခေါင်းကိုဆတ်ခနဲ ညိတ်ပြလိုက်ပြီး...
"ဂျစ်တူးသိလား...ဂျစ်တူး နာကျင်ရင်
မောင့်ရဲ့ ဟော့ဒီရင်ဘတ်ထဲကနေ
ထပ်တူ နာကျင်လာရတာ ဂျစ်တူးရဲ့...ဒီလက်ချောင်းလှလှလေးတွေကို အနာမခံချင်ပါနဲ့တော့ကွာ...မောင့်ကို မသနားဘူးလား...ဟင် "ရိပေါ်က ဂစ်တာကို မွေ့ရာပေါ် လှဲချလိုက်ပြီး ဂျစ်တူး လက်ဖျားလေးကို ဖွဖွထွေးဆုပ်ရင်းပြောလိုက်ပါတယ်။ လက်ဖဝါးတစ်ဖက်နဲ့ သူ့ရင်ဘတ်သူ ပုတ်ပြဖို့လည်း မေ့မနေခဲ့ဘူးရယ်။။ဂျစ်တူးခမျာ ခပ်ငေးငေးလေးကြည့်ပြီးတာနဲ့ ခေါင်းလေးငုံ့လို့ မျက်လွှာချသွားတော့တာပါပဲ။ အရှက်သည်းကလေးက ရိပေါ်ရဲ့ အချွဲအအီဒဏ်ကို သေချာပေါက် ခံနိုင်လိမ့်မှာမဟုတ်ဘူးပေါ့။
ရိပေါ် လည်း ဂျစ်တူးကို မြတ်မြတ်နိုးနိုးစိုက်ကြည့်ပြီးတာနဲ့ ရှက်စနိုးလေး အနေမခက်စေဖို့ စကားစရပြန်ပါတယ်။
"ဒါနဲ့ ဂျစ်တူး..မောင် သီချင်းဆိုတာ အဆင်ပြေရဲ့လားဟင်..."
"အွန်း...နားထောင်လို့ သိပ်ကောင်းတယ်..ချိုချိုလေး..."
"မောင့်နှုတ်ခမ်းလိုပေါ့.."
"အမ်..."
ရိပေါ် မေးလိုက်တာနဲ့ ဂျစ်တူးက စိတ်လိုလက်ရချီးကျူးလာပါတယ်။ ရိပေါ်လည်း အသည်းယားသွားရပြီး စနောက်လိုက်တဲ့အခါမှာတော့ ဂျစ်တူး တစ်ယောက် မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်လာပါတယ်။အံ့ဩနေပုံလေးက ဘာလေးနဲ့တူနေမှန်းမသိတာမို့ ရိပေါ်လည်း ရယ်ချင်စိတ်ကိုအောင့်အည်းလိုက်ပြီး...
YOU ARE READING
Together For A Day(Completed)
Fanfic"ဘာ...ဘာလို့ လူကို ဂျစ်တူး လဲ" "အာ...ဂျစ်တူးမို့လို့ ဂျစ်တူးလို့ခေါ်တာပေါ့...ဂျစ်တူးရ..."