(2)Unicode

6.2K 553 12
                                    


"ရရဲ့လား..."

တစ်ခဏအတွင်းမှာပဲ ဩရှရှလေသံက ရှောင်းကျန့် နံပါးထိတိုးဝှေ့ရောက်ရှိလို့
လာပါတယ်။ရှောင်းကျန့်ပါမလာမှန်းသိလို့ နောက်ကြောင်းပြန်လှည့်လာပုံပါပဲ။ ရှောင်းကျန့်လည်း မျက်တောင်ရှည်တွေကို ပုတ်ခတ်လိုက်ပြီး ဝဲတဲချင်နေတဲ့မျက်ရည်တွေကို သိမ်းဆည်းပစ်လိုက်တယ်။ဒီအမျိုးသားရှေ့မှာ ပျော့ညံ့မနေချင်ဘူး။

ရှောင်းကျန့်ဘက်က အဖြေမပေးဘဲ
နှုတ်ဆိတ်နေလို့နဲ့တူရဲ့ တစ်ဖက်က သက်ပြင်းချသံ ခပ်အုပ်အုပ်ကိုကြားလိုက်ရတယ်။နောက်တော့ ကျောပိုးအိတ်ထဲကတစ်ခုခုကို ထုတ်နေပုံပါပဲ။ ရှောင်းကျန့်ကမျက်နှာလွှဲထားတာမို့ လှုပ်လှုပ်ရှားရှားအသံကိုပဲ ကြားရတာရယ်။ ခဏအကြာမှာတော့ မျက်နှာရှေ့တည့်တည့်ကို တစ်စုံတစ်ရာ ရိပ်ခနဲကျရောက်လာတာမို့ ဖျတ်ခနဲကြည့်လိုက်တဲ့အခါ ကျယ်ပြန့်ကြီးမားတဲ့ လက်ဖဝါးထဲ ထွေးဆုပ်ထားတဲ့ ရေသန့်ဗူးကလေးက ကြည်လို့ဖွေးလို့...။

"မောနေတယ်မလား...ရေသောက်လိုက်"

စကားသံက တိုးဖွဖွ။ ပြီးတော့ ဩရှရှ။ လေယူလေသိမ်း တိုပြတ်ပြတ်မှာ ကရုဏာစွက်တယ်၊မစွက်တယ် မသိနိုင်ပေမဲ့ ရှောင်းကျန့်ကတော့ မျက်နှာလွှဲပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ တရုတ်နိုင်ငံရဲ့လူနေမှုအဆင့်အတန်းမြှင့်တင်မှုပေါ်လစီကြောင့် ရေသန့်ဗူးတွေ တွင်ကျယ်လာခဲ့တယ်။ရှောင်းကျန့်ဆို ရေသန့်ဗူးပဲ သောက်တတ်တော့တဲ့အထိ။အခုလို မောဟိုက်နေတဲ့အချိန် ရေသန့်ဗူးကလေး မျက်စိရှေ့ကိုရောက်လာပေမဲ့ ရှောင်းကျန့်ကတော့ ငြင်းပယ်ပစ်လိုက်တာပါပဲ။ ဒီလူကိုမကြည်သရွေ့ ရှောင်းကျန့်ကတော့ ခေါင်းကြောကလေး မာချင်ပါသေးတယ်။

"မသောက်ဘူးလား..."

"မသောက်ဘူး..."

မေးခွန်းတစ်ခုထွက်အကျမှာပဲ ရှောင်းကျန့်ရဲ့ ဘုကလန့်အငြင်းဝါကျလေးက တွဲလျက်ကပ်ပါလာတယ်။ ဒီလိုနဲ့ပဲ သက်ပြင်းချသံတိုးဖွဖွကို ထပ််မံကြားရတော့တာပါပဲ။ နောက်တော့ ရေသန့်ဗူး
အဖုံးဖွင့်သံတိုးတိုးထွက်ပေါ်လာပြီး တစ်ကျိုက်ပြီးတစ်ကျိုက္မော့ပစ်လိုက်တဲ့ အသံကိုပါကြားလိုက်ရပါတော့တယ်။မဟုတ်မှ စိတ်မရှည်တော့လို့ သူ့ဘာသာသောက်နေတာပဲနေမှာ။

 Together For A Day(Completed)Where stories live. Discover now