ဆောင်းရောက်ပြီမို့ ရာသီဥတုက ချမ်း
ချမ်းစိမ့်စိမ့်။ ရှောင်းကျန့် ဆက်တီခုံပေါ် ကျုံ့ကျုံ့ယုံ့ယုံ့လေးထိုင်နေပြီး ကော်ဖီ
ပူပူကို အားရပါးရမှုတ်နေပါတယ်။ နှုတ်ခမ်းပါးလေး ဖူးထော်ပြီး ပါးပြင်နုနု ဖောင်းတက်သွားတဲ့အထိမှုတ်လိုက်တဲ့အခါ ကော်ဖီငွေ့တလူလူဟာ အာငွေ့ဖွေးဖွေးတွေကြား ရောနှောပျောက်ကွယ်သွားတော့တာပါပဲ။ဒီနှစ်ဆောင်းက သာ့ဝေရှန်းရဲ့ တောတောင်ရိပ်ကြောင့် သိသိသာသာအချမ်းပိုတယ်။အေးတေးနေတဲ့ လက်ဖဝါးသေးသေးလေးတွေကိုတော့ ကော်ဖီခွက်ရဲ့ကိုယ်ထည်နဲ့ ထိကပ်ထားလိုက်ရတာပါပဲ။ ထုံကျဉ္အေးခဲနေတာလေးတွေ ပြေလျော့သွားစေနိုးနဲ့ပေါ့။"ဂျစ်တူး..."
"ဟင်..."
ဩရှတိုးဖွတဲ့အသံနဲ့အတူ သစ်တောအရာရှိဝမ်က ရှောင်းကျန့်ရှေ့မှာ လာရပ်တယ်။ ရာသီဥတုအေးနေပေမဲ့ တာဝန်အရ ပျိုးခင်းဘက်သွားဖို့ပြင်နေပုံပါပဲ။ ကာကီရောင်ဝတ်စုံပြည့်နဲ့အမျိုးသားက နက်ပြာရောင်ဂျာကင်အင်္ကျီ ထူထူထဲထဲကို ထပ်ဝတ်ထားပါတယ်။
"မောင့်ကို ခါးပတ်ဝတ်ပေး..."
"ဟမ်..."
"အင့်..."
ရှောင်းကျန့်က အမှုမဲ့အမှတ်မဲ့ဖြစ်သွားလို့သာရယ်။ တကယ်ဆို သစ်တောအရာရှိဝမ် ရဲ့လက်ထဲမှာ ခါးပတ်ပါလာခဲ့တာပဲ။ဂျာကင်အင်္ကျီဇစ်ကို လက်တစ်ဖက်နဲ့ဆွဲဖွင့်ရင်း ခါးပတ်ကိုကမ်းပေးလာသူက ခပ်ဖွဖွပြုံးပြနေပါတယ်။ ခုနောက်ပိုင်း ဒီအရာရှိက ရှောင်းကျန့်ကိုဆို သေးသေးမွှားမွှားလေးတွေကအစ ခိုင်းနေတော့တာပါပဲ။ ရှပ်အင်္ကျီကြယ်သီးတပ်ခိုင်းရတာနဲ့၊ သစ်တောရုံးသွားရတဲ့အခါမျိုးဆို ရုံးတံဆိပ်ရင်ထိုး ထိုးခိုင်းရတာနဲ့ လူကိုအမျိုးမျိုး နိုင်စားနေတော့တာရယ်။
အခုလည်း ခါးပတ်ဝတ်ပေးဖို့ရောက်ချလာပြန်ပြီမို့ ရှောင်းကျန့်လည်း မျက်စောင်းသေးသေးလေး ထိုးပစ်လိုက်ပါတယ်။ နောက်တော့ ကော်ဖီခွက်ကို စားပွဲပေါ် ဖွဖွဆောင့်ချလိုက်ပြီး ခါးပတ်ကို လက်ကမ်းယူလိုက်ရတာပါပဲ။ ချစ်ရသူမို့ အတတ်နိုင်ဆုံး စိတ်ရှည်ထားပါတယ်။
YOU ARE READING
Together For A Day(Completed)
Fanfic"ဘာ...ဘာလို့ လူကို ဂျစ်တူး လဲ" "အာ...ဂျစ်တူးမို့လို့ ဂျစ်တူးလို့ခေါ်တာပေါ့...ဂျစ်တူးရ..."