(3)Unicode

5.4K 529 17
                                    


"မင်းရှေ့ကသွား..."

ရှောင်းကျန့် တစ်နည်းအားဖြင့် ရိပေါ်ရဲ့အသစ်စက်စက်ခင်ပွန်းလေးက မေးဆတ်ပြရင်းပြောလာပါတယ်။နှုတ်ခမ်းပါးကိုတင်းတင်းစေ့လို့ မျက်ခုံးတန်းတွေ ကွေးကုပ်တွန့်ချိုးထားပုံက ရဲရင့်ပြတ်သားဟန်အပြည့်နဲ့ပါပဲ။ ဒါပေမဲ့ လက်သီးသေးသေးလေးနှစ်ဖက်ကို ကျစ်နေအောင်ဆုပ်ထားပြီး အံတင်းတင်းကြိတ်ပစ်လိုက်သေးတာမို့ ရိပေါ် ကျိတ်ရယ်ချင်သွားရတယ်။

တကယ်ပါပဲ။ဒီအမျိုးသားလေးက အဆိုတော်မလုပ်ဘဲ သရုပ်ဆောင်လုပ်ရမှာရယ်။ဒါပေမဲ့ သရုပ်ဆောင်ချက်က ထင်သလောက်တော့ ပိရိမနေရှာဘူး။လှုပ်တုတ်လှုပ်တုတ် တွန့်ဆုတ်ဆုတ်နဲ့ တံတားကို တွေတွေကြီးစိုက်ကြည့်နေသေးတော့တာ။ ရိပေါ် အသေအချာငေးကြည့်နေမှန်းတောင် သတိမထားမိတဲ့အထိ။

"ကောင်းပြီ..."

ရိပေါ် စကားသံကြားမှ အသိဝင်လာပုံရသူလေးက ဖျတ်ခနဲကြည့်လာပါတယ်။သတိထားမိသလောက်ဆို စျာပနပွဲကတည်းကနေ ခုချိန်ထိ ရိပေါ်ကို မကြည်ကြည့်တွေနဲ့ ကြည့်နေတာပဲဖြစ်တယ်။ ဒီအမျိုးသားလေးဟာလေ လဲ့လက်ရွှန်းစိုနေတဲ့ မျက်ဝန်းလှလှလေးတွေကိုမှ မထောက်။

ရိပေါ် အကြည့်ချင်းမဆုံဆုံအောင် စူးစိုက်ကြည့်ပြီးတာနဲ့ ကြိုးတံတားပေါ် စတင်လျှောက်လှမ်းလိုက်တယ်။ ဝန်စည်စလှယ်တွေများနေပေမဲ့ အသာအယာပါပဲ။
ဒီတောဒီတောင်မှာ ကျင်လည်နေရတဲ့ သစ်တောဝန်ထမ်းမို့ ရိပေါ်ကတော့ ဒေါင်ကျကျပြားကျကျပဲဖြစ်တယ်။

ရိပေါ် ကြိုးတံတားအလယ်နားရောက်
တော့ နောက်ကိုလှည့်ကြည့်တဲ့အခါ သူ့အမျိုးသားလေးက ခုထိတံတားပေါ်မတက်ရသေး။

"ဟေးးးလာခဲ့တော့လေ..."

"ဟင့်အင်း..."

"လာ...တစ်ခါတည်း အတူတူရောက်အောင် ကိုယ့်နောက်က ကပ်လိုက်... "

"ဟင့်အင်း...မင်းဟိုဘက်ရောက္မှ..."

"ကျစ်..."

တံတားထိပ်ကနေ နှုတ်ခမ်းပါးလေးစူထော်တဲ့အထိ လှမ်းအော်ပြောနေပုံက ဂျစ်တစ်တစ်နဲ့မို့ ရိပေါ် စုတ်သပ်လိုက်တယ်။
ဒီအကြောတင်းကလေးက ခရီးစဉ္တစ်လျှောက်လုံး ရိပေါ်ကို ဂျစ်တိုက်ဖို့ စဉ္းစားထားပုံပါပဲ။ဂျင်းဘောင်းဘီကို ခြေချင်းဝတ်သွယ်သွယ်လေးတွေပေါ်တဲ့အထိ ခေါက်တင်ထားပြီး ဖုန်ဖွေးဖွေးတို့ ပေလူးနေတဲ့ ဒီလူသားက လိုချင်တာမရလို့ စိတ်ကောက်နေတဲ့ ကလေးဆိုးလေးနဲ့ဆင်တူနေတယ်။ ရိပေါ် သမင်လည်ပြန်ငေးမောရင်းနဲ့ပဲ နောက်ဆုံးတော့ သက်ပြင်းဖွဖွချလိုက်ရတယ်။ လောလောဆယ် ဟိုဘက်ကမ်းကိုရောက်အောင် အရင်ကူးရမယ်။

 Together For A Day(Completed)Where stories live. Discover now