Part(1) Time!

14.4K 685 24
                                        

Unicode

Part(1) အချိန်

ဆယ်တန်းအောင်၍ ဖခင်ဖြစ်သူဝယ်ပေးထားသည့် အနက်မှိန်ရောင် CBR ဆိုင်ကယ်လေးကို ကျောင်းမသွားခင် ထပ်ပြီး အဝတ်စနှင့် ပွတ်တိုက်လိုက်သည်။ တက္ကသိုလ်ကျောင်းတက်ရသည့် ပထမဆုံးရက်ဖြစ်၍
အင်္ကျီသစ်၊ ဘောင်းဘီသစ်၊ ဖိနပ်သစ်၊ ဆိုင်ကယ်ဦးထုပ် အသစ်၊ ဆိုင်ကယ်အသစ်နှင့်မလို့ ကျောင်းသွားရန် တကြွကြွ ဖြစ်နေသည်။ ကံကောင်းသည်က ကျွန်တော်တက်ရမည့် နည်းပညာတက္ကသိုလ်က အဖြူ နှင့် အပြာဝတ်စုံ သတ်မှတ်ထားသော်လည်း ပုဆိုးအစား ဘောင်းဘီအပြာ ဝတ်ခွင့်ပေးသည်မို့သာ၊ သို့မဟုတ်လျှင် သည်ဆိုင်ကယ်အကြီးကြီးနှင့် ပုဆိုးနှင့်သာဆိုလျှင် ခွကျလိုက်မည်ဖြစ်ခြင်း။

ဆိုင်ကယ်ဦးထုပ်မဆောင်းမီ ဆိုင်ကယ်ဘက်မှန်ဘက်သို့ တစ်ချက်ကြည့်ကာ နဖူးပေါ် ခွေကျနေသော လှိုင်းတွန့်ဆံပင်များကို တစ်ချက်သပ်လိုက်သည်။ ပြီးမှသာ ဆိုင်ကယ်ဦးထုပ်ကို ကျကျနန ဆောင်းကာ ဝတ်စုံပြည့်ဖြင့် Technological University(TU) သို့ ထွက်ခွာလိုက်သည်။ တစ်ခုဆိုးသည်က ကျောင်းကို တောင်ပေါ်မှာ မဆောက်ဘဲ တောင်အောက်၊ အေးသာယာထိ ဆင်းဆောက်ထားသည်ကတော့ သိပ်အဆင်မပြေလှ။ အတက်အဆင်းပေါင်းလျှင်ပင် တစ်နာရီကျော်လောက်မောင်းရသည်မို့ပင်။ ကျောင်းပင်မဆောင်က ဝင်ပေါက်ထွက်ပေါက်နှင့် တစ်မိုင်လောက်ကွာသည်။ လမ်းလျှောက်နှေးသူဆိုလျှင် ဆယ်မိနစ်ကျော်လောက်ကြာနိုင်ပြီး လမ်းလျှောက်မြန်သူ အဖို့တော့ ငါးမိနစ်လောက်ဆိုလျှင် ရောက်နိုင်၏။ သို့သော် ကျွန်တော့်အဖို့တော့ ဆိုင်ကယ်အသစ်လေးကို လီဗာ နည်းနည်းတင်လိုက်လျှင် အဆင်ပြေပြီ။
မစောလွန်း၊ မနောက်ကျလွန်းသော မနက်အချိန်မှာပင် Canteen က လူပြည့်လုနီးပါး ဖြစ်နေသည်။ ကျွန်တော် ဆိုင်ကယ်လေးကို ဆိုင်ကယ် Stand တွင်ဝင်ရပ်လိုက်တော့ Canteen က မျက်စိတချို့က တည့်တည့်မတ်မတ်ကို ကျရောက်လာသည်။ အဘယ်ကြောင့်ဆိုသော် Canteen ၏မနီးမဝေးနားတွင် ဆိုင်ကယ်ရပ်ရန်ထားပေးထားသည့်အတွက် သာမန်ထက်အရှိန်ပိုနေသော ကျွန်တော့်ဆိုင်ကယ်ကို မျက်စိ ကစားကြသည်မှာ ပုံမှန်ပင်။ ဆိုင်ကယ်ရပ်ပြီးပြီးခြင်း  ထွဋ်ခေါင်၏ဖုန်းဝင်လာသည်။

OPPOSITE { Edited Version } Where stories live. Discover now