Part(14) Heartbroken

4.8K 389 26
                                        

Unicode

Part(14) အသဲကွဲခြင်း

"မိဘမျက်နှာကို အိုးမည်းသုတ်တဲ့အကောင် ဝမ်းရည်ဆက်တယ်" တဲ့။ အမေ့ဆီက အပြစ်တင်သံက ကျွန်တော်ပါးကို ရိုက်ချလိုက်သလိုပဲ။ ဆယ်တန်းပြီးတော့လည်း အမေတို့တက်စေချင်တဲ့ ကျောင်းကို တက်ပေးခဲ့တာပဲ။ အမေတို့သိပ်လိုချင်တဲ့ ဘွဲ့ကိုလည်း ရအောင်ယူပေးခဲ့တာပဲ။ ကျွန်တော် ကိုစစ်ကို မေတ္တာရှိမိတာက အပြစ်ကြီး တစ်ခုဖြစ်သွားတာလား။

လွန်ခဲ့တဲ့သုံးနှစ် ကျွန်တော် third year ဖြေပြီးသည့်ရက်မှာ ကိုစစ်က ကျွန်တော့်ဆီ လုံးဝပြန်မရောက်လာခဲ့ချေ။ ပျောက်ချင်းမလှကိုပျောက်သွားခဲ့သည်။ ကိုစစ်အိမ်ကို လိုက်သွားတော့ အိမ်က သော့ခတ်ထားပြီး အနီးအနားက လူတွေကိုမေးကြည့်တော့ ကိုစစ်အဖေ ဆုံးသွားပြီး ထွက်သွားတာပဲတဲ့။ ကိုစစ်က သူ့အဖေဆုံးသွားတာကို ကျွန်တော့်ကို နည်းနည်းလေးမှ ထုတ်မပြောခဲ့ဘူး။ စံကားရွာထိ လိုက်သွားပြီး မေးတော့လည်း တိကျသည့်အဖြေ ပြန်မရခဲ့။ အဲသည့်နေ့ရက်တွေက ကျွန်တော့်အတွက်တော့ အရူးမီးဝိုင်းငရဲ ကျခဲ့ရသည့် ရက်တွေပင်။

မူမမှန်သည့် ကျွန်တော့်ကို မေမေက မေးတော့ ကျွန်တော်ဝန်ခံမိလိုက်သည်။ ကျွန်တော်က gay လို့။
မေမေက အဲနေ့မှာ အသည်းအသန်ငိုခဲ့ကာ ဖေဖေကတော့ အံ့သြခြင်းကြီးစွာဖြစ်ပြီး မေမေ့ကိုသာ နှစ်သိမ့်နေသည်။ မိုးစက်ကတော့ သိပ်မတုန်လှုပ်ခဲ့။ မေမေက သူ့ကိုယ်သူဖြေသိမ့်သလိုနှင့် ကျွန်တော့်ကို ပြောခဲ့သည်။
"ငယ်သေးလို့ စိတ်ကစားတာ နေမှာပါ" ဆိုပြီး။

အဲနေ့ကစပြီး မေမေက ကျွန်တော့်ကို သူ့အသိထဲက မိန်းကလေးတိုင်းနှင့် မိတ်ဆက်ပေးတော့သည်။
အမြဲဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်ဖြစ်ခဲ့ရသည့် ကျွန်တော့်အမေ။  သားသမီးရှေ့မှာ အမြဲ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည့် ကျွန်တော့်အမေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပြီ။ မေမေက ကျွန်တော့်ကို နားမလည်ပေးနိုင်ခဲ့ပါလား။ အနည်းဆုံးတော့ ဖေဖေက ကျွန်တော့်ကို ထိုးပြီး မေမေကတော့ လက်ခံပြီးဖေးမ ခဲ့မယ်လို့ထင်ခဲ့သည့် ကျွန်တော့်အတွေးတွေက သဲထဲရေသွန်ဖြစ်သွားရသည်။

OPPOSITE { Edited Version } Where stories live. Discover now