Part(15) Ending not Ending

5.6K 393 11
                                        

Unicode

Part(15) အဆုံးသတ်မဟုတ်သော အဆုံးသတ်

အိမ်ထဲကို ဝင်လာသည့် ဆိုင်ကယ်သံကြောင့် မိုးစက်အပြင်ကို ခေါင်းပြူကြည့်လိုက်သည်။ ကိုကိုပြန်လာပြီ။ ဖေဖေကတော့ ဘုရားရှိခိုးနေပြီး၊ မေမေက စာဖတ်သလိုနှင့် သူ့သားကိုစောင့်နေရှာသည်။ ဝမ်းနည်းစရာက သူတို့မိသားစုသည် အရင်လို မနွေးထွေးဘဲ တသီးတသန့်ဆန်နေသည်။ အိမ်တံခါးကိုဖွင့်ပြီးဝင်လာသည့် ကိုကိုကိုတွေ့လိုက်ရသည့်အချိန် မိုးစက် ချက်ချင်းတောင့်ဆတ်သွားသည်။ ဝင်လာကတည်းက  အရက်နံ့ရနေသည့်အပြင် မျက်နှာမှာလည်း ပွန်းပဲ့ဒဏ်ရာတွေနဲ့။ မေမေရော မိုးစက်ပါ သင်္ကြန်ဆီကို ပြေးသွားကြသည်။
"ကိုကို...ဘာဖြစ်လာတာလဲ။"

"သားကြီး မင်း မူးပြီး ဆိုင်ကယ်မောင်းပြန်ပြီလား။"

ကျွန်တော်မတ်မတ်ပင် မရပ်နိုင်တော့။ အခုချက်ချင်းကြမ်းပြင်ပေါ်လဲပြီး သေလိုက်ချင်တော့သည်။ နှစ်အလီလီ၊ လအလီလီက ကျွန်တော်ထိန်းချုပ်ခဲ့ရသည့်ခံစားချက်တွေက ရင်ထဲမှာချော်ရည်တွေလို ပူလောင်ပေါက်ကွဲနေပြီ။
မေမေ့ရဲ့ ဆူဆဲသံတွေကို တစ်ချက်တစ်ချက်ကြားနေရသည်။ အမေရယ် ကျွန်တော်လည်းပင်ပန်းနေပြီ။

"ကျေးဇူးပြုပြီး တော်ပါတော့! ကျွန်တော့်ကို ဒီလောက်နဲ့ပဲ လွှတ်ပေးပါတော့!"

ကျွန်တော့်အော်သံအဆုံး မေမေရဲ့စကားသံတွေရပ်သွားသည်။ မိုးစက်ရဲ့ ရှိုက်ငိုသံဟာ မပီမသ။ အပေါ်ထပ်ကနေဆင်းလာသည့် ဖေ့ဖေ့ ခြေသံကိုကြားနေရသည်။ ကျွန်တော်ဟာ တကယ်ကိုလူဆိုးလုံးလုံးပဲ။
ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ဘယ်နှကြိမ်မြောက်မှန်းမသိ ရှိုက်ငိုမိပြန်သည်။

"ကိုကိုရယ် တော်ပါတော့။ ထပ်မငိုပါနဲ့တော့ ဆေးထည့်ရအောင်လေ။"

မိုးစက်က ငိုသံစွက်ပြီးပြောတော့ သည်ညီမပေါ်မှာ တာဝန်မကျေသည့် အစ်ကိုက ရင်နာရသည်။
"မိုးစက်ရယ်... ကိုစစ်က လက်ထပ်တော့မယ်တဲ့။ သူပြန်လာပြီ။ သူလက်ထပ်တော့မယ်တဲ့။ ကောင်မလေးက သူနဲ့တကယ်လိုက်တယ်ဟာ။ သူကလေ... သူကလက်ထပ်တော့မယ်တဲ့။"

OPPOSITE { Edited Version } Where stories live. Discover now