Part(10) I'm so sorry.

3.3K 302 3
                                    

Unicode

Part(10) အနူးအညွှတ်တောင်းပန်ခြင်း။

"ဒေါက် ဒေါက်"
"ဒေါက် ဒေါက်"

"ကိုကို ထမင်းမစားသေးဘူး မိုးစက်။ မေမေ့ကိုပြောလိုက်။"

မိုးစက်၏ အချက်ပေး တံခါးခေါက်သံကို စောင်ထဲမှနေ၍ ပြန်ဖြေလိုက်သည်။ မနေ့က ကိုစစ်ကို စိတ်ဆိုးပြီး ပြန်လာတည်းက စောင်ထဲက ခုထိမထွက်ရသေးပါ။ ကိုစစ်များဖုန်းခေါ်မလား ဟူသော အတွေးဖြင့် ဖုန်းစက်ဖွင့်ထားသော်လည်း ငထွဋ်မှလွဲ၍ ကျန်အဝင် call မရှိသည့်အတွက် ကိုစစ်ကို ထပ်လောင်း စိတ်ဆိုးရပြန်သည်။ ကိုစစ်ဟာ ကျွန်တော့်ကို နည်းနည်းလေးမှ အလျော့ပေးဖို့စိတ်ကူး မရှိဘူးလား။
ကျွန်တော်က စမခေါ်လျှင် ကိုစစ် စခေါ်ဖို့ စိတ်ကူးနည်းနည်းလေးတောင် မရှိဘူးလား။ သည်တစ်ခါတော့ ကျွန်တော့်မာနနှင့် သက်ဆိုင်သွားပြီမို့ ကိုစစ်ကို အလျော့ပေးဖို့မရှိပါချေ။ 

"ဒေါက်ဒေါက်..ဒေါက်ဒေါက်"

"ဘာလဲမိုးစက်ရာ ဝင်လာခဲ့။ တံခါးဖွင့်ထားတယ်။"

"မေမေ့ကို ပြောလိုက် ကိုကို မဆာသေးဘူးလို့။"

မိုးစက်ကို လှည့်မကြည့်ဘဲ ကျောခိုင်းလျက် ဆောင့်ဆောင့်အောင့်အောင့် ပြောလိုက်သည်။ သို့သော် ဘာဖြေသံမှ မကြားရဘဲ တိတ်ဆိတ်လို့နေသည်။
"...."
ရုတ်တရက် နှာခေါင်းထဲသို့ တိုးဝင်လာသည့် ခရေပန်းနံ့လေးက ကျွန်တော့် နှလုံးသားကို ဆွဲဖျစ် ညှစ်လိုက်သလိုပင်။ လှည့်ကြည့်လိုက်တော့ ခုတင်ဘေးမှာရပ်နေသည်က မိုးစက်မဟုတ်ဘဲ ကိုစစ် ဖြစ်နေလိမ့်မယ်လို့ အဘယ်သူ ထင်ထားပါအံ့နည်း။ ကိုစစ်၏မျက်နှာက အတန်ငယ် ညိုးနွမ်းနေဟန်ရှိပြီး ကျွန်တော့်ကို တောင်းပန်ချင်နေသော အကြည့်များဖြင့် ခပ်တွေတွေကြည့်နေလေသည်။ ကျွန်တော်ဘာမှ မပြောခင်နိုင်မှာဘဲ ကိုစစ်က ကျွန်တော့်အမည်နာမအား ခပ်တိုးတိုး ရွတ်လေသည်။
"အတာ.."

ကိုစစ် သိဖို့ကောင်းသည်။ ကျွန်တော်က ကိုစစ် မချော့ခင်ကတည်းက ပျော့တတ်သည့်ကောင်ဆိုတာ။
ကိုစစ်၏မူပိုင် နာမ်စား 'အတာ' လို့ခေါ်လိုက်ရုံနှင့် ကျွန်တော်က ခွေးပေါက်လေး တစ်ကောင်လို အမြီး တယမ်းယမ်းနဲ့ ကိုစစ်ပေးလာမည့် အမိန့်ကို နာခံဖို့အသင့်ရှိနေလျက်ပြီးသားပဲ။ ကျွန်တော်က ကိုစစ်ဆီမှာ ဘယ်နှစ်ကြိမ်မှန်း မသိအောင် ကျရှုံးနေပြီးသားပါ။

OPPOSITE { Edited Version } Where stories live. Discover now