Unicode
Part(12) မိသားစု ပြဿနာများ
<<စံကားရွာမှကြိုဆိုပါ၏>>
ရွာအဝင်လမ်းက ဖုန်တွေထနေသော်လည်း မိုးရာသီဖြစ်၍ အဲသည်လောက်တော့ မဆိုး။ ညနေခင်း ညီအစ်ကို မသိတသိအချိန်က သည်လောက်လှလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှမထင်ခဲ့ဖူးဘူး။ နေလုံးကြီးက တရိပ်ရိပ် ပျောက်ကွယ်စပြုလာပြီး ပုစွန်ဆီရောင် လွှမ်းခြုံနေသည့် ညနေခင်းဟာ ကိုစစ်နှင့်အတူ ပြည့်စုံနေတော့သည်။
ဘေးနားက စာရေးဆရာပေါက်စ ဖြစ်သည့် ကိုစစ်ကို တစ်ချက်တစ်ချက် အကဲခတ်ပြီး ပြုံးမိသည်။
စိုင်းစိုင်းရဲ့ ဟို သီချင်းကိုတောင်သတိရသွားတယ်...
~~အိမ်ပြန်ချိန်ဆိုအတူလျှောက်လည်
နေဝင်ချိန်ဆို အတူရှိမယ်
ကိုယ်တကယ်ချစ်သော(ကောင်ကလေးနဲ့)
အတူရှိတဲ့ဘဝ ဘယ်လောက်ကောင်းလိုက်မလဲ~*စာကြွင်း-ကောင်ကလေးနေရာမှာ မူရင်းကမိန်းကလေးပါ။
"အတာ ဘာပြုံးနေတာလဲ။"အို~~ ကျွန်တော်ပြုံးနေမိတာလား။ အင်း ပျော်တယ်၊ ကိုစစ်နဲ့ကုန်ဆုံးရတဲ့ စက္ကန့်၊ မိနစ်တိုင်းကို ကျွန်တော်ပြုံးနေမိမှာပဲ။ ကိုစစ် ခဏခဏမေးနေရလိမ့်မယ်။
"မဟုတ်ပါဘူး.. ကိုစစ်ရဲ့။ မပြုံးပါဘူး။"ကိုစစ်က မျက်စောင်းထိုးကာ
"လိမ်တယ်။"မလိမ်လို့ရမလား။ ဒါဆို ကိုစစ်ကို ကြည့်ရင်း ပိုပိုချစ်လာလို့ ပြုံးနေပါတယ်လို့ ပြန်ဖြေရမလား။
"ရောက်ခါနီးပြီအတာ။ ညောင်းနေပြီလား။"ကျွန်တော်မျက်နှာကို ချက်ချင်းရုပ်ပြောင်းရုပ်လွှဲလုပ်လိုက်ရသည်။ ပင်ပန်းနွမ်းနယ်နေသည့်ပုံစံ..
"အင်း..နည်းနည်း။ ညောင်းတော့ ညောင်းတယ်။"ကိုစစ်က ခြေလှမ်းများရပ်သွားကာ
"အစ်ကိုကျောပိုးသွားရမလား။"ရုတ်တရက် ကြီးကမ်းလှမ်းလာသည့်စကားကြောင့် တံတွေးတောင်သီးသွားရသည်။ ကျွန်တော် ညောင်းတယ်ဆိုတာ လိမ်နေတာဗျ။
"ဟိုးထား..ကိုစစ်။ ကျွန်တော် အဲလောက်မပျော့ပါဘူး။ ပိုး မဲ့ ပိုး ကိုစစ်ကို ပိုးရမှာ။ ချွေးတွေထွက်နေပြီ၊ ကြည့်စမ်း။"