Chapter 1

3.9K 68 2
                                    


မီးရောင်စုံများနှင့် လူအများကခုန်နေကြတဲ့ EDM Club အတွင်း ချောင်ကျကျတစ်နေရာ ဝိုင်းလေးတွင် ခွန်းရတုမောင် တို့သူငယ်ချင်းတစ်စု မွေးနေ့ပါတီကျင်းပလျက်ရှိသည်....

"Cheer ..... စိတ်ကြိုက်စား စိတ်ကြိုက်မှာသောက်ကြ သူငယ်ချင်းတို့အားမနာနဲ့ ဒီည အပီကဲကြမယ်နော် မမူးရင် အိမ်မပြန်ဘူး ကွာ "

"ဟျောင့်ရတု  ခြယ်မှုန်းကို  မမြင်ပါ့လား  မင်းဖိတ်မထားဘူးလား "

"ခေါ်ထားတယ် လူမလစ်သေးလို့ဖြစ်မယ် မင်းလဲသိရဲ့သားနဲ့ သူ့အကိုကြီး နဲ့ သူ့ခွက်(crush) ကြီး ဆို အမြီးသေအောင်ကြောက်ရတာကို"

"အေး ဟုတ်သားဟ ခြယ်လာမှပဲငါတို့သွားကကြတာပေါ့ ခုတော့ cheer သားကြီး "

ခွန်းရတု, ခြယ်မှုန်း နဲ့ မင်းစည်းဇိမ် ဆိုတာ Uni first yr တည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြတာ ခုဆို စိတ်တူကိုယ်တူပေါင်းလာတာ လေးနှစ်ဆိုတဲ့အချိန်တောင် ကြာခဲ့ပီ .....

" သားလေးတို့ မာမီနောက်ကျသွားတယ် မီယန်းနယ် ရော့ ခွန်း Happy birthday မွေးနေ့လက်ဆောင် ငါသောက်လို့တော့မရဘူးနော် ခွင့်လွှတ်ပေးကြဒီတခေါက်တော့"

"ဒီတခေါက်တော့ လက်ဆောင်မျက်နှာ နဲ့ခွင့်လွှတ်ပေးလိုက်မယ် နင်ဘယ်လိုထွက်လာတာလဲ ငါနဲ့စည်း နင်မလာတော့ဘူတောင်ထင်နေတာ"

"အေး နှစ်ပတ်တစ်ပတ်ရိုက်လာရတာပေါ့ဟယ် ငါ့သူငယ်ချင်းမွေးနေ့ကို မလာလို့ဖြစ်ပါ့မလား မီးတောင်ကြီးကိုကျော် လာရမယ်ဆိုရင်တောင် ရောက်အောင်ကိုလာမှာ ကျန်တဲ့သူတွေ‌‌ေရာကဲနေကြပီလား ငါတို့လဲ သွားကကြရအောင် let's go.. "

.....................................*............................

"တနေ့မှာ ခြင်္သေ့ ကြီးက ဗိုက်ဆာလို့ဆိုပီး အဆာရှာထွက်ခဲ့တယ်တဲ့ ပထမဆုံး ယုန်လေးတကောင်ကိုဖမ်းမိခဲ့တယ် ယုန်လေးကို သူ့ရဲ့ ခြေထောက်နဲ့ဖိပီး ဖမ်းထားရင်း ခြင်္သေ့ကြီးက အင်းဒီယုန်လေးကသေးလိုက်တာငါစားလဲဝမှာမဟုတ်လောက်ဘူး ဒီထက်ပိုကြီးတဲ့အကောင်ကို ဖမ်းပီးစားလိုက်ရင်တော့ ပိုဝလောက်မယ်လို့တွေးနေရင်း သတိလက်လွတ်ဖြစ်ပီး ဖိထားတဲ့ခြေကိုကြွလိုက်မိတယ်တဲ့ ...."

Mg'Lugi Where stories live. Discover now