" ညီညီ ဆေးသောက်ရအောင် ခဏလောက်ထလိုက်ဦး "" အွန့် ! ... ညီညီ့တစ်ကိုယ်လုံး ကိုင်ပေါက်ခံထားရသလို နာကျင်နေတာပဲဗျာ "
" အင်း ..... ဆေးအရင်သောက်လိုက် "
" မြန်မာဆေးကြီးကခါးတယ် မသောက်လို့မရဘူးလား ဟင် "
" အဲ့ဆိုအင်္ဂလိပ်ဆေး သောက်မှာလားပြော "
" နံနံခြားဆေးတွေကလဲ ခါးမှာပဲ ၊ ဟိုလေ ... ဆေးမသောက်ဘဲ "
" ညီညီ ! ဆေးမသောက်ချင်ရင် ဘာလို့ကိုယ့်ကိုယ်ကိုဂရုမစိုက်လဲပြော ၊ ထပ်အတွန့်မတက်နဲ့ အခုသောက်မယ် "
" ဟုတ် .... ကဲ့ .... ပါ "
မနေ့ကကျောင်းမသွားပဲ အနားယူပါဆိုတာကို ကျောင်းခိုးသွားတာ အခုတော့ဖျားချင်သလိုဖြစ်နေပီလေ ။ ရိုက်ပီးပီးချင်း ဆေးလူးပေးလိုက်ပေမဲ့ နောက်ရက်ကိုယ်မအားလိုက်တယ် ဆေးမလူးပဲပေတေနေလေရဲ့ ။ စကားနားမထောင်တဲ့ကောင်လေးကို စိတ်တို ၊ ဒေါသဖြစ်မိပေမဲ့လဲ ညှိုးနွမ်းကာ ပင်ပန်းနေပုံပေါ်သည့် မျက်နှာလေးကြောင့်ကိုလေးရဲ့ဒေါသများဟာ စိုးရိမ်ခြင်း ၊ စိတ်ပူခြင်းသို့ပြောင်းလဲခဲ့ရတော့သည် ။
" ကိုလေး ခွန်းဆီဖုန်းဆက်ပီး ညီညီကျောင်းမလာတော့ဘူဆိုတာ ပြောပေးပါဦး "
" အင်း ..... ။ ပြန်လှဲနေလိုက်ဦး "
စကားကိုတိုပြတ်ပြတ် ပြောကာအခန်းထဲကထွက်သွားတဲ့ ကိုလေးရဲ့ကျောပြင်ကိုကြည့်ကာ စည်းဝမ်းနည်းမိသည် ။ အရင်ကဆိုဘယ်လောက်ပဲစိတ်ဆိုးနေပါစေ စည်းနေမကောင်းဘူးဆိုရင် အနားကနေ မခွာတမ်းပြုစုပေးတဲ့ကိုလေး ၊ အခုတော့ညီညီဆိုးလွန်းလို့ စိတ်ကုန်သွားပီလားဗျာ ။
" ညီညီ .... ညီညီ ! "
" ဗျာ ... ဗျာ ကိုလေး "
" ခဏလောက်ထလို့ဖြစ်လား ကလေး ။ နာတာတွေသက်သာအောင် ခြေထောက်ကိုရေနွေးလေးစိမ်ရအောင် "
နာရီသံတစ်ချက်ချက်နဲ့ အတူအတွေးလွန်ရင်း တစ်ရှိုက်စာအချိန်လောက် ညီညီအိပ်ပျော်သွားခဲ့သည် ။ ကိုလေးအသံကြောင့်နိုးလာတော့ အိပ်ယာဘေးမှာ အငွေ့များထွက်နေသည့် ကော်ဇလုံလေးက ညီညီ့အတွေးများ မှားယွင်းနေကြောင်းကိုထောက်ပြနေသလိုပင် ။
YOU ARE READING
Mg'Lugi
Romanceချစ်ခြင်းတွေစတင်ကြမဲ့နေ့ရက်လေးတွေဆီကိုတဆင့်ခြင်းသွားကြည့်ရအောင်မောင့်လူကြီးရေ Start date - 12.11.2022 End date - 18.6.2023 Both U+Z ( completed )