[Unicode]
" ကိုကို ဒီအိတ်လေးထဲမှာ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ စုထည့်ထားပေးတယ်နော် "
အဝါရောင် လက်ဆွဲအိတ် အသေးလေးအား မြှောက်ပြကာ ပြောလိုက်သည် ။ ခရီးသွားခါနီးထိ အလုပ်နဲ့လက်မပြတ်သေးတဲ့ ကိုကိုကတော့ ခွန်းစကားကို အကြည့်တစ်ချက် , အပြုံးတစ်ပွင့်ဖြင့်သာ အသိအမှတ်ပြုခဲ့သည် ။ အဝတ်အစား နှင့်အသုံးအဆောင်တစ်ချို့ကို lagguage ထဲသို့အစီအစဉ်ကျစွာ ထုတ်ပိုးနေစဉ် ………
" ခွန်းငယ် ကိုကို့နားခဏလာဦး "
ကိုကိုရှိရာဆီ ခပ်သွက်သွက် လျောက်သွားလိုက်သည် ။ အနားရောက်တော့ ခွန်းရဲ့သေးသွယ်တဲ့ခါးလေးကို လက်တစ်ဖက်ဖြင့် သိမ်းကျုံးဖက်တွယ်လိုက်သောကြောင့် ခွန်းကိုယ်လေးယိုင်သွားပီး ကိုကို့ရင်ခွင်ကျယ်ကြီးထဲသို့ ဒိုင်ဗင်ထိုးချလိုက်သလို ရောက်ရှိသွားလေတော့သည် ။
" ကိုကို့ "
" ဗျ "
" နည်းနည်းဖယ်ပေးဦးလေလို့ ။ ကိုကို့မျက်နှာနဲ့ ခွန်းမျက်နှာ တစ်ထပ်တည်းကျတော့မယ်ဗျ "
ခရီးမသွားခင် ချစ်ရတဲ့ကောင်လေးကို ရင်ခွင်ထဲထည့်ကာ တစ်စိမ့်စိမ့်ကြည့်ရင်း အလွမ်းသယ်နေပါတယ်ဆိုမှ သူလေးကနေရခက်သည်တဲ့ ။ ရိုခွင့်လေးတောင်မပေး ။ နှစ်ရက်ပဲခွဲရမှာဆိုပေမဲ့ ဇိုင်းအတွက်တော့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလောက်ကြာသလိုပင် ။ ဖြစ်နိုင်ရင်လေ ဒီချစ်မဝလေးကို အိပ်ကပ်လေးထဲထည့်ကာ သွားလေရာခေါ်သွားချင်သည် ။
" ရှူး … ငြိမ်ငြိမ်လေးနေ ။ နှစ်ရက်ကြီးများတောင်ခွဲရမှာဆိုတော့ ဒီမျက်နှာလေးကို အာရုံထဲအမြဲပေါ်နေအောင် ကော်ပီကူးနေတယ် "
တဖြေးဖြေးနီးကပ်လာပါသော ကိုကို့ကြောင့် ခွန်းမှာ မြီးကောင်ပေါက်လေးလို ရှက်သွေးဖြာနေရသည် ။ ရွှေရင်အစုံမှာလည်း လှိုင်းဂယက်ယဉ်ယဉ်လေးများသဖွယ် လှုပ်ခတ်နေတော့သည် ။
YOU ARE READING
Mg'Lugi
Romanceချစ်ခြင်းတွေစတင်ကြမဲ့နေ့ရက်လေးတွေဆီကိုတဆင့်ခြင်းသွားကြည့်ရအောင်မောင့်လူကြီးရေ Start date - 12.11.2022 End date - 18.6.2023 Both U+Z ( completed )