[Unicode]
" သား ..... ဘယ်လိုဖြစ်တာလဲကွယ် ။ မာမီဖြင့်ကြားကြားချင်း ခေါင်းတောင်ကျိန်းသွားတယ် "
" နောက်မှသား အသေးစိတ်ပြောပြမယ် မာမီ ။ ဇိုင်းအနားနေပေးပါဦး ကလေးတွေအဆင်ပြေရဲ့လား ပြန်သွားကြည့်ချင်လို့ ။ ကုမ္ပဏီကကိစ္စတွေရှင်းပီးရင် ဦးလေးလည်း လာမယ်ပြောတယ် မာမီ "
" သားဇိုင်းအနားမာမီ ရှိနေမှာမလို့ ကလေးတွေဆီ သွားမှာအေးဆေးသာသွား ။ မြေးလေးကိုလဲ သေချာချော့မော့ပြောနော်သား "
" ဟုတ်ကဲ့မာမီ အဲ့ဆိုသား သွားလိုက်ဦးမယ်နော် "
" အေးအေး ... သား "
ဆေးရုံကုတင်ထက်တွင် ဖြူဖျော့စွာ လှဲလျောင်းနေသော ဇိုင်း .... လက်တွင်လဲ အပ်တန်းလန်းနှင့် ဆေးပုလင်းချိတ်ထားရသည် ။ အပ်မထိုးထားပါသော ဇိုင်း၏လက်ဖမိုးထက် ဖွဖွဆုပ်ကိုင်လို့ ဂရုဏာသက်နေမိသူမှာ
မေလေးပင်ဖြစ်သည် ။ သားအရင်းနှင့်မခြား ချစ်ခင်ထိန်းကြောင်း လာရတဲ့ကလေးမဟုတ်ပေလား ... ။ တော်ရုံစိတ်မညစ်တတ် ၊ အမြဲလိုလိုနှုတ်ခမ်းထက် အပြုံးနုနုလေးတွေချိတ်ဆွဲထားတတ်တဲ့ ကလေး .... ဒီကလေးမှာမှ ဘာလို့များ ဘဝမုန်တိုင်းတွေ တစ်ခုပီးတစ်ခုထန်နေရသလဲ ။" ဟော .... မမမေတောင်ရောက်နှင့်နေပီ ။ သီရိလဲ သားရှားဆီကဖုန်းရရချင်း အမြန်လိုက်လာခဲ့တာ "
" မမမေလဲ သီရိရှေ့လေးတင်ပဲ ရောက်တာ ။ မမမေတော့ ဘာတွေဖြစ်နေလဲ သေချာမသိပေမဲ့ ခုလိုသားဇိုင်းကို မြင်ရတော့ စိတ်နှလုံးမချမ်းမြေ့ဘူးကွယ် "
ကုမ္ပဏီကအပြန် သားဆီဝင်လာတဲ့ ဦးမြတ်မင်းဟန်သာ အခန်းထဲမဝင်သေးဘဲ အမျိုးသမီးနှစ်ဦး ပြောဆိုနေသည်တို့ကို တိတ်ဆိတ်စွာနားထောင်ရင်း .......
" မမမေက စီးပွားရေးဖက်ကျ နားမလည်တော့ သားဇိုင်းအတွက် အထောက်အကူပြုပေးနိုင်မှာမဟုတ်ဘူး အဲ့တာကြောင့် ... သီရိကို မမမေက အကူအညီလေး တောင်းချင်ပါတယ် "
YOU ARE READING
Mg'Lugi
Romansaချစ်ခြင်းတွေစတင်ကြမဲ့နေ့ရက်လေးတွေဆီကိုတဆင့်ခြင်းသွားကြည့်ရအောင်မောင့်လူကြီးရေ Start date - 12.11.2022 End date - 18.6.2023 Both U+Z ( completed )