Ch-46

1.7K 80 35
                                    


မှောင်ရီပျိုးချိန် လမ်းမထက်တရိပ်ရိပ်မောင်းနှင်လာတဲ့ ကားထဲရှိလူသုံးယောက်ကြား တိတ်ဆိတ်အေးစက်နေသည်မှာ နှင်းတောင်အလား ။ ခြယ်ကလည်း ကားပေါ်ရောက်တည်းက ပါးစပ်ကိုဇစ်ဆွဲပိတ်လိုက်သလို အသံကိုထွက်မလာတော့ချေ ။ နည်းနည်းလေးမှအားကိုး၍မရ ။

ကိုကို့မျက်နှာမှာလည်း ခရီးပန်း၍ထင် အတော်လေးနွမ်းလျနေသည် ။ သို့သော်လည်း ကြည့်ကောင်းနေဆဲပင် ။ လေပူတစ်ချက်မှုတ်ထုတ်ရင်းအားတင်း၍ ခွန်းကပဲစကားစရတော့သည် ။

" ကိုကို ... သမီးလေးကို မာမီတို့ဆီဝင်ခေါ်ရဦး
မှာ "

ကိုကို့ဆီမှမည်သည့်စကားတစ်ခွန်းမှတုံ့ပြန်မလာ ။ ရှေ့တည့်တည့်ရှူ၍ကားကိုသာ တစ်စိုက်မတ်မတ်မောင်းနှင်နေသည် ။ ဒုတိယအကြိမ် ကြိုးစား၍ စကားစလိုက်ပြန်သည် ။

" ကိုကို ခွန်းတောင်းပန်ပါတယ် ။ ကိုကို့စကားနားမထောင်ဘဲ ကိုကိုမကြိုက်တာလုပ်မိပါတယ် "

အပြစ်ရှိစိတ် ၊ ကြောက်စိတ်ရောယှက်လာတော့ ပြောနေရင်းနှင့်ပင် ခွန်းအသံမှာ တိမ်ဝင်သွားလေသည် ။ ကိုကို့အကြည့်တချက်သည်လည်း ခွန်းထံသို့ တစ်ပြိုင်နက်ကျရောက်လာသည် ။ သို့သော်ဘာကြောင်းမှမဆို ။

ကိုကို့ဆီမှ ဆူခြင်းလည်းမရှိ ၊ မေးမြန်းခြင်းလည်းမရှိ ၊ ခွန်းကိုတောင်စေ့စေ့မကြည့်ပါပဲ ပစ်ပယ်ထားခြင်းက အသားနာသည့်အပြစ်‌ပေးခြင်းထက် ပို၍နာကျင်ရပါသည် ။ နှလုံးသားဆီမှဖြစ်တည်လာသောနာကျင်မှု ၊ မွန်းကြပ်မှုတို့ကြောင့် မျက်ဝန်းအိမ်မှ မျက်ရည်များမှာလည်း မဖိတ်ခေါ်ပါပဲရစ်သိုင်းလာလေသည် ။

" ကိုကို့ ... ခွန်းတောင်းပန်ပါတယ်ဗျာ ။ အဲ့လိုကြီးတော့ ပစ်ပယ်မထားပါနဲ့ အင့် ... ။ ကိုကိုစိတ်ကျေနပ်တဲ့ထိဆူပါ ၊ ရိုက်ပါ ခွန်းခံပါ့မယ် ။ စကားမပြောပဲတော့မနေပါနဲ့ဗျာ အင့် ... "

မျက်ရည်များတသွင်သွင်စီးကာ တရှုံ့ရှုံ့ငိုကြွေးရင်း ကိုကြီးအား တောင်းပန်နေရှာတဲ့ ခွန်းကိုကြည့်ရင်း ခြယ့်မှာလည်းမနေသာတော့ ။ ကိုကြီးကိုကြောက်ပေမဲ့လည်း ခွန်းဝမ်းနည်းငိုကြွေးနေသည်ကိုတော့ မကြည့်ရက်နိုင်ပေ ။

Mg'Lugi Where stories live. Discover now