[Unicode]
နှာထိပ်ဖျားမှ တဆင့်တိုးဝင်လာတဲ့ ဆေးရုံအနံ့ ၊ လက်ဖမိုးဆီမှ စူးရှရှနာကျင်မှုတို့ကြောင့်
လေးလံနေသော မျက်ခွံများကိုအားယူကာ ဖွင့်လိုက်လျှင်ပင် ... သူ ဆေးရုံရောက်နေတာပဲ ။ သူသတိမလစ်ခင်က သားပိုက်ကောင်သားအမိဆိုကာ ပို့လာသောပုံထဲတွင် နက်ဆွေးရင့်ရင်ခွင်ထဲ အကျအနထိုင်ကာ ရယ်ရွှင်မြူးနေသောသမီးလေး ။ မဖြစ်ဘူး သမီးလေးကိုသွားခေါ်ရမယ် ... စိတ်သွားတိုင်းမပါတဲ့ခန္ဓာကိုယ်က ထဖို့ခက်ခဲနေပြန်ပါပီ ။ ဇိုင်းကုတင်ခြေရင်းက ဆိုဖာပေါ်ခွေခွေလေးအိပ်ပျော်နေရှာတဲ့ လူနာစောင့်သူငယ်ချင်းကိုသာ နှိုးရန်ရှိတော့သည် ။" ရှား .... ရှား ! ထပါဦးကွာ ထင်ရှားမာန် !
ထဦးလို့ "" အမ် ! .... အင်း သတိရလာပီလား ဇိုင်း "
" ရှား ငါ့ကိုအိမ်ပြန်ပို့ပေးပါကွာ သမီးလေးကိုနက်ဆွေးရင့်ဆီက သွားပြန်ခေါ်ရမယ် "
" စနိုးလေးက အိမ်မှာပဲရှိပါတယ်ကွာ ကျောင်းကဖုန်းရရချင်း ခွန်းငယ်တို့လိုက်သွားပီး ပြန်ခေါ်လာခဲ့တာ ။ ကုမ္ပဏီကိစ္စလဲ ဦးလေးစီစဉ်ပေးထားတယ် ဘာမှစိတ်မပူနဲ့ မင်းလုပ်ရမှာက ကျန်းမာရေးဂရုစိုက်ဖို့ပဲ အားရှိအောင်ပြန်နားလိုက်ဦး "
" ငါမနားချင်တော့ဘူ အခုဘယ်အချိန်ရှိပီလဲ "
" မနက်ငါးနာရီပဲရှိသေးတယ် ။ မင်းအိပ်ရေးဝသွားရင်လဲ ငြိမ်ငြိမ်လေးပြန်လှဲနေ မနက်လင်းတာနဲ့ ခွန်းငယ်တို့လာလိမ့်မယ် ။ ဝှါး ! ... ငါအိပ်ရေးမဝသေးဘူးကွ ပြန်အိပ်လိုက်ဦးမယ် "
" ရှား မအိပ်သေးပါနဲ့ဦးကွာ ငါလှဲနေရတာကျောတွေပူနေပီကွ စကားလေးဘာလေးပြောရအောင် "
" ဘာမှလဲမဆိုင်ဘူး ..... မင်းမလှဲချင်တော့ဘူလား ခဏလေးစောင့် position ပြောင်းပေးမယ် ။ ပီးရင်ပါးစပ်ပိတ် နားတော့ ဟုတ်ပီလား ချစ်ယောက်ဖ "
ကုတင်အောက်ဘက်က လက်တံကိုဖွင့်ချပီး အထစ်လေးတွေထဲက လူနာနားရန်သင့်တော်တဲ့ ၄၅ဒီဂရီသို့ ထောင်မတ်ပေးလိုက်သည် ။ dream bed ပုံအနေအထားကြောင့် အခုမှနေရတာအဆင်ပြေသွားတဲ့ မျက်နှာပေးမျိုးနဲ့ ။ ရှားပြန်မှေးမယ်ကြံလိုက်တိုင်း ဒီလူမသားက တော်ကြာရေလေးပေးပါဦး ၊ ခွန်းငယ်ကိုလွမ်းလိုက်တာကွာ ၊ ခွန်းငယ်ကို ငါ့ဘက်ကစ တိတ်တိတ်လေး ခိုးချစ်ခဲ့ရတာကွ ဒီကောင်လေးမသိရှာဘူး ၊ ဟျောင့်ရှား သမီးလေးက သူ့အမေကို ငါ့ထက်ပိုချစ်သွားနိုင်လား .... မပီးဆုံးတော့တဲ့ စကားတွေကြောင့် မိုးသာလင်းသွားတယ် ရှားမှာပြန်မမှေးလိုက်ရ ။
YOU ARE READING
Mg'Lugi
Romanceချစ်ခြင်းတွေစတင်ကြမဲ့နေ့ရက်လေးတွေဆီကိုတဆင့်ခြင်းသွားကြည့်ရအောင်မောင့်လူကြီးရေ Start date - 12.11.2022 End date - 18.6.2023 Both U+Z ( completed )