"ဂွတ်မောနီး လူကြီး ပျော်ရွှင်စရာ တစ်နေ့တာလေး ဖြစ်ပါစေခင်ဗျ "
စာရင်းတွေစစ်နေတုန်း ဝင်လာတဲ့ မက်ဆေ့ လေးတစ်စောင်ကြောင့် ကြည်နူးခြင်းများနှင့် ဇိုင်းရဲ့တစ်နေ့တာလေးက ပြည့်စုံသွားသလိုပင်
ဒီကလေး ဇိုင်းဆီကို မနက်တစ်ကြိမ် ညတစ်ကြိမ် အချိန်မှန် စာပို့နေတာ ခုဆို တစ်ပတ်ဆိုတဲ့ အချိန်တောင် ရှိသွားခဲ့ပီဒေါက် ဒေါက်...
"ဇိုင်း ဒီလအတွက် လချုပ်စာရင်းတွေ ဒါက
WPE ဘက်က စာချုပ်အတွက် တောင်းဆို
ထားတဲ့ အချက်တွေ အဆင်မပြေတာရှိလား
စစ်ကြည့်ပေးပါဦး ""အင်း ငါစစ်ထားလိုက်မယ် ကျေးဇူးပဲ ရှား
ငါမင်းနဲ့ တိုင်ပင်စရာလေးရှိတယ်
ထွေထွေထူးထူးတော့ မဟုတ်ပါဘူးကွာ ခြယ့်အကြောင်းပါ "" ခြယ် ဘာဖြစ်လို့လဲ ဇိုင်း ဒီကောင်မလေး
ဘာမဟုတ်တာ လုပ်ပြန်ပီလဲ ""ခြယ် မဟုတ်တာ လုပ်တိုင်း မင်းပဲအရင်
သိတာမလား ထင်ရှားမာန်ရ အကိုဖြစ်တဲ့
ငါတောင် မင်းပြောမှ သိရတာကို ခုဟာက
ခြယ့်ကို နှစ်ဝက် စာမေးပွဲပီး ကြားကာလ ကျောင်းပိတ်ရက်မှာ အလုပ်သင်အနေနဲ့
အလုပ်ဝင်ခိုင်းမလားလို့ ခြယ်လဲ
အတွေ့အကြံရ မင်းလဲ လိုက်ထိန်းစရာ
မလိုတော့တာပေါ့ကွာ "" အင်း ငါလဲ သဘောတူတယ် ခုတည်းက အလုပ်ခွင်နဲ့ ရင်းနှီးအောင် သင်ယူခိုင်းရမယ် "
" အစကတည်းက မင်းက ခြယ့်ရဲ့ ပင်တိုင်စံ ဆရာ ဆိုတော့ အဲ့ကျတော့လဲ မင်းပဲ တာဝန်ယူ သင်ကြားပေးပါလို့ ခြယ် မလိမ်မာတာရှိလဲ ဆုံးမပေးပါလို့ အကိုတစ်ယောက်အနေနဲ့ အကူအညီတောင်းပါတယ်ကွာ "
" ကျေးဇူးရှင်ရယ် ဒါနဲ့များ ငါ့ကို လိုက်ထိန်းစရာ မလိုတာပေါ့တွေ လာပြောနေသေးတယ် ပီးကျလဲ ငါပဲလိုက်ထိန်း ရဦးမယ် ခြယ်က မင်းညီမလား ငါ့ညီမလား "
"ခြယ်က ငါ့ညီမဆိုပေမဲ့ ငါ့စကားထက် မင်းစကားကို ပိုနားထောင်တော့လည်း မင်းကိုပဲ အကူအညီ တောင်းရတာပါ သူငယ်ချင်းရာ "
YOU ARE READING
Mg'Lugi
Romansaချစ်ခြင်းတွေစတင်ကြမဲ့နေ့ရက်လေးတွေဆီကိုတဆင့်ခြင်းသွားကြည့်ရအောင်မောင့်လူကြီးရေ Start date - 12.11.2022 End date - 18.6.2023 Both U+Z ( completed )