Chapter 23

1.3K 71 9
                                    


သူငယ်ချင်းဖြစ်သူ  ပို့လာသောပုံ နှင့် ပြောလိုက်တဲ့စကားတွေကြောင့်  ဒေါ်သီရိခက်မှာ  နွေခေါင်ခေါင်   မိုးကြိုးပစ်ခံလိုက်ရသလို  ရင်ထဲဝယ်အကြိမ်ကြိမ်  ငိုကြွေးနေမိသည် ။  မယုံကြည်နိုင်ခြင်းများစွာနဲ့လည်း   အတွင်တွင်   ငြင်းဆန်နေခဲ့မိပြန်သည်  ။  သို့ပေမဲ့ သား  ပါးစပ်ကသာ  ဟုတ်ပါတယ်မာမီလို့  ဖြေခဲ့လို့ရှိရင်  သူမ ဘယ်လိုရင်ဆိုင်ရမလဲ ။

" မာမီ ..... ဒေါ်သီရိခက်ခင်ဗျ  .....  မာမီ !!! "

" ဟင် ..... အင်း  ပြန်ရောက်ပီလား  သား  "

" သားရောက်တာ  နည်းနည်းတောင်ကြာပီ ။ မာမီက မလှုပ်မယှက်နဲ့  အတွေးလွန်နေတာ  သားခေါ်တာတောင်  မကြားဘူး ။  ဘာတွေအတွေးများ  နေရလို့လဲ  မာမီ  သားဘာကူညီပေးရမလဲ  "

" ရပါတယ်သားရယ်  ။  သား  သွားနားလိုက်တော့လေ ။  မာမီလဲ  နည်းနည်းပင်ပန်းနေသလိုကြီးမို့  သွား... သွားနားလိုက်ဦးမယ်‌  "

" ဟုတ်ကဲ့မာမီ   နေလို့မကောင်းရင်  သားကိုချက်ချင်း   ပြောရမယ်နော်  "

" အေး.... အေးပါ   သားလေးရယ်  "

အရင်နဲ့မတူဘဲ   ခဏခဏပြုံးရယ်တတ်လာတဲ့ သူမရဲ့သားလေး ။ အရင်လို  night  out  တွေမထွက်တော့လို့   သူမအရမ်းကျေနပ်ခဲ့ရတာ  သားလေး  အခုလိုပြောင်းလဲ  လိမ်မာလာတာတွေက  သားဘေးက  ကောင်လေးကြောင့်များလား ။  မာမီဘယ်လို  လုပ်ရမလဲသားရယ်  မာမီ့သားလေးရဲ့ အပြုံးတွေ  တည်မြဲအောင်ပဲ  မျက်စိမှိတ်လက်ခံလိုက်ရမလား  ။  သားတို့ချစ်ခြင်းကို  မဖြစ်နိုင်ဘူးလို့တားဆီးခဲ့ရင်   မာမီ့ကိုရက်စက်လိုက်တာလို့  ဆိုလေမလားကွယ် ။

" သီရိ   မျက်နှာလဲမကောင်းပါလား  ဘယ်လိုကြီးနေလို့လဲ  ။  ဖုန်းမပြောခင်ကထိ  အကောင်းပါ  တစ်ဖက်က  ဘာတွေပြောလိုက်လို့လဲ  ။ ကိုယ့်ကိုပြောပြချင်လား   "

" အဟင့် ...... ကျွန် .... ကျွန်မ  ဘယ်လိုပြောရမလဲ မသိတော့ပါဘူး  အကိုရယ်  အဟင့် ..... ကျွန်မဘာမကောင်းမှုတွေများ  လုပ်ခဲ့မိလို့   ကျွန်မတို့သားလေးက  အင့် ... "

" ကိုယ်တို့သားက  ဘာဖြစ်နေလို့  မင်းကဒီလောက်ငိုနေရတာလဲကွာ ။ ကိုယ်တို့သားက  အမျိုသားချင်း  မေတ္တာမျှနေတယ်လို့  ပြောလိုက်လို့လား  "

Mg'Lugi Where stories live. Discover now