" အာ နောက်ဆုံးတော့ ငါတို့လွတ်လပ်သွားပီကွ စာကျက်စရာ မလိုတော့ဘူ ရေးးးး "" ဟဲ့ ခြယ် ကြည့်ပျော်ဟေ့ ဟိုကောင်ခွန်း ရုပ်လဲ ကြည့်ဦး အီးမှန်ထား တဲ့ ရုပ်နဲ့ မဖြေနိုင်လို့လား မသိဘူး "
ခြယ့်အနားကို နှစ်ကိုယ်ကြား ရရုံလေး ကပ်ပြောလာသောစည်း ။ စည်း ပြောမှ ကြည့်မိတော့ ခွန်း မျက်နှာမှာ မသာမယာ စာမေးပွဲ မဖြေနိုင်လို့တော့ မဖြစ်နိုင် သေချာသည်က .....
" စနိုးလေးက ဖျားနေတယ် စည်းရဲ့ အဲ့ကြောင့်
ဒီနေ့ ကိုကြီး ခြယ့်ကို ကျောင်းလိုက်မပို့နိုင်တာလေ ကိုကြီးလဲ သနားပါတယ် ခုတလော တအား ပင်ပန်းရတာ ""ဟုတ်လား ကိုကြီးဇိုင်းတော့ အရမ်းပင်ပန်းနေမှာပဲ အလုပ်ကတစ်ဖက် ကလေးပြုစုရတာ နဲ့ ဟူးး single father ဘဝကြီးက မလွယ်ကူလိုက်တာ အနားမှာ ကူညီဖေးမမဲ့သူ တစ်ယောက်တော့ ရှိသင့်နေပီနော် ခြယ် "
ခွန်း သိအောင် တမင် စည်းကို ပြောသလိုလိုနဲ့
ပြောလိုက်တော့ အလိုက်သိတဲ့ စည်းကလဲသံယောင်လိုက် ပေးလေတော့ အစောနကမှိုင်နေသော ကိုယ်တော်ကအခုမှ ခြယ်တို့ဆီ အာရုံရောက်ကာ လှုပ်စိလှုပ်စိ ဖြစ်လာတော့သည် ။" ခြယ် စနိုးလေး နေမကောင်းဘူးလား ဘယ်လိုဖြစ်တာလဲ အရမ်းဆိုးလား "
" ဟုတ်တယ် ခွန်း အရမ်းတော့ မဆိုးပါဘူး သက်သာနေပါပီ ဒါမဲ့ ခြယ်က ကိုကြီးကို စိုးရိမ်တာ အလုပ်ကလုပ်ရ ကလေးပြုစုရနဲ့ ကြာရင် ကိုကြီးပါ လဲသွားမှာ စိုးတာခွန်းရဲ့ "
" ဟင် .. လူကြီးက အစားရော သေချာစားရဲ့လား အိပ်ချိန်လဲ မှန်မယ်မထင်ဘူး မဖြစ်သေးပါဘူး ခြယ် အပြန် ခွန်း လိုက်ပို့ပေးမယ်နော် စနိုးလေးကိုလဲ သတင်းမေးရအောင်လို့ "
" အင်း ရတယ်လေ ခြယ်လဲ အပြန် Taxi နဲ့ ပြန်ရမှာဆိုတော့ အဆင်ပြေသွားတာပေါ့ ဟီး "
ကိုကြီးကို စိတ်ပူကြောင်း ပိုပိုသာသာလေး ပြောပေးလိုက်တော့ ခွန်းတစ်ယောက် မျောက်မီးကြီးခဲ ကိုင်မိသလို ဖြစ်ပျက်နေပုံကို ကြည့်ကာ ကိုကြီးအပေါ် ဘယ်လောက် စိတ်ပူနေတယ်ဆိုတာ ဗေဒင်မေးစရာတောင် မလိုပေ ။။
YOU ARE READING
Mg'Lugi
Romanceချစ်ခြင်းတွေစတင်ကြမဲ့နေ့ရက်လေးတွေဆီကိုတဆင့်ခြင်းသွားကြည့်ရအောင်မောင့်လူကြီးရေ Start date - 12.11.2022 End date - 18.6.2023 Both U+Z ( completed )